သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-25
ရာဂီမုန်တိုင်းဒဏ်သင့် စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ရေဘေးသင့်နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် အကူအညီပေးသူတွေ သွားလာလို့မရသေးဘူးလို့ ဆိုပါတယ်။
2024-09-25
လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက မကြာခဏ ထိုးစစ်ဆင်တဲ့အတွက် အရပ်သားတွေသေဆုံးပြီး အဆောက်အဦတွေ ပျက်စီးရတယ်လို့ MNDAA က ပြောပါတယ်။
2024-09-25
မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးဆက်ဆံမှု၊ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံမှုအပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
2024-09-25
PDF တွေနဲ့ ပကဖတွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
2024-09-25
ဒီပြဿနာကို သုံးသပ်ပြီး ဖြေရှင်းနိုင်တဲ့ အကြံသစ်တွေပေးဖို့ စီးပွားရေးပညာရှင်လည်းဖြစ်တဲ့ မိုဟာမက်ယူနွတ်က တိုက်တွန်းပါတယ်။
2024-09-25
ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကနေ မြစ်ကမ်းတစ်လျှောက်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရသွားပါတယ်။
2024-09-25
တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-25
မူဆယ်မြို့ မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အအုံ အချို့ကို စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၂၄၇ ဦးနဲ့ မြန်မာနိုင်ငံသား ၅ဝဝ ကျော်၊ စုစုပေါင်း လူ ၇၅ဝ ထက်မနည်း ဖမ်းဆီးရမိခဲ့ပါတယ်။
2024-09-25
ပြင်ဦးလွင်တပ်နယ် လုံခြုံဖို့ လိုအပ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2024-09-25
ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အကြား အမျိုးသားတွေကို စစ်သင်တန်းပေးတာနဲ့ စစ်ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး မြို့တွင်းကင်းလှည့်တာတွေကို စတင်လုပ်ဆောင်လာပါတယ်။
2024-09-25
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဥထိုင်မြို့နယ်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန်မှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၆၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2024-09-25
ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း လက်ခံထားရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၁၁၉ သန်းနီးပါး ထပ်တိုးကူညီသွားမဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2024-09-25
မိုးမောက်မြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးဆင်စစ်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-25
MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က ဒီနေ့မနက် နှစ်နာရီအချိန်မှာ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-25
ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးရဲ့ မြန်မာ့အရေး ဆွေးနွေးချက်တွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။