သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-27
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ပိုင်း နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင် ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကသာ အဖြေရှာ သွားနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။
2014-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2014-09-27
ရခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင် အမှတ် ၄၅ နဲ့ ၄၇ ကြားမှာ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် တစ်စုတို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
2014-09-27
စက်မှုဝန်ကြီးဌာနဟာ ဘဏ္ဍာရေးနှစ် ၂ နှစ်တာကာလအတွင်း ငွေကျပ် ၉၀ ဘီလီယံနီးပါး အရှုံးပေါ်ခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးသိန်းအောင်က ပြောပါတယ်။
2014-09-27
ငွေကျပ် ၁၅ဝဝ တန် ဖုန်းဆင်းမ်ကတ်တွေကို သတ်မှတ်နှုန်းထက်ပိုရောင်းတဲ့ အရောင်း ဆိုင်တွေနဲ့ ကုမ္ပဏီတွေကို ပိတ်သိမ်းတဲ့အ ထိ အရေးယူသွားမှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2014-09-27
မြန်မာအမျိုးသမီးတွေရဲ့ ဘဝအခြေ အနေတွေ တိုးတက်လာရေးအတွက် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ထူထောင် ထားတဲ့ Clinton Global Initiative CGI ခေါ် ကလင်တန်နိုင်ငံ တကာ ကူညီထောက်ပံ့ရေး အစီအစဉ်က အမေရိကန်ဒေါ် လာ ၇ သန်း အကူအညီပေးမယ်လို့ သိရပါတယ်။ CGI ရဲ့ နှစ်ပတ်လည်စည်းဝေးပွဲကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
2014-09-27
ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေ က လူဦးရေ ၂၃ ယောက်ပါဝင်တဲ့ မိသားစု ငါးစုဟာ တတိယနိုင်ငံမှာ အခြေချနေ ထိုင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သောကြာနေ့ ညနေပိုင်းက ရောက်ရှိခဲ့ကြပါတယ်။
2014-09-26
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန် နဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့ အတွက် သိမ်းဆည်းထားတဲ့ လယ်ဧက တစ်သောင်းကျော်မှာ ဝင်ရောက်စိုက်ပျိုးလို့ဆိုပြီး တောင်သူ ၉ဦးကို ငါန်းဇွန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယဦးစီးမှူးက ကျူးကျော်ဝင်ရောက်မှု၊ အကျိုး စီးပွားဖျက်ဆီးမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ ဒီနေ့ တရားစွဲလိုက် ပါတယ်။
2014-09-26
တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ဆောင် ရွက်နေတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဒေသကရွာတွေမှာ ပြီးခဲ့တဲ့နှစ်ဧပြီလ က ဒေသခံတွေရဲ့ ထွန်တုံးတိုက်ပွဲကို ဦးဆောင်တယ်လို့ စွပ်စွဲပြီး ထောင်ချခံထားရတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ရက်က ကိုသော်ဇင်ကို လွတ်ရက်စေ့တဲ့အတွက် မုံရွာအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2014-09-26
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် က လယ်ယာမြေဧက ၃ သောင်းကျော်မှာ မှတ်ပုံတင်ခွင့်ရရှိဖို့အတွက် မနေ့က မကွေးမြို့သစ်တော ရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ တောင်သူတွေထဲက ဦးဆောင်သူ တစ်ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ပုဒ်မ ၁၉နဲ့ မကွေးမြို့ အမှတ် ၂ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
2014-09-26
တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် မူကြမ်းတစ်စောင်ထွက်ပေါ်ဖို့အတွက် ၅ ရက်ကြာ ဆွေးနွေးပွဲမှာ အရင်ကသဘောတူညီချက် ရထားတာတွေကို ပြန်ပြီးဆွေးနွေးခဲ့ရတဲ့အတွက် မျှော်မှန်းထားသလောက် အောင်မြင်မှုမရှိခဲ့ကြောင်း NCCT ခေါင်းဆောင်တွေက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-09-26
လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပြည်သူ့လှုပ်ရှားမှု မြှင့် တင်ရေးကွန်ရက်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ များကွန်ရက်တို့က ကန့်ကွက်ဆန္ဒပြမယ်လို့ သိရပါတယ်။
2014-09-26
နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်တွေနဲ့ ပြန်လည်ပေးပို့ထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-09-26
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2014-09-26
သီရိလင်္ကာနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် မဟာ သံဃာ့ကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံက အမျိုးသား ဘာသာသာသနာအဖွဲ့က ဆရာတော်ဦးဝီရသူကို ပင့်ဖိတ် ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြော ကြားလိုက်တယ်လို့ သိရပါတယ်။