သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-21
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြား တဲ့ အတွေးအခေါ်၊ အယူဝါဒနဲ့ ကြန်အင် လက္ခဏာတွေကို အပြန်အလှန် နားလည် လက်ခံပြီး အတူယှဉ် တွဲနေထိုင်နိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျရောက်တဲ့ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ပြောပါတယ်။
2014-09-21
ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကိုရောက်ရှိ ခဲ့ပြီး ပျောက်ဆုံးနေတဲ့ တောင်တက် သမားနှစ်ဦးဟာ တောင်ထိပ်ပေါ်ကနေ ခြေချော်ကျသွားတာဖြစ်နိုင်သလို ရေခဲတောင်ချောက်ကမ်းပါးတွေကြား ကျသွား တာလည်း ဖြစ်နိုင်တယ်လို့ “ခါကာဘိုရာဇီ” အောင်နိုင်ရေး အဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-09-21
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တေ့ွဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ပျဉ်းမနားမြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွါးခဲ့ပါတယ်။
2014-09-21
မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ပင်လယ် ကနေ လူမှောင်ခိုကူးနေတဲ့ ဂိုဏ်းပေါင်း ၆ဝဝ ခန့်ရှိပြီး ဒီလုပ်ငန်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ရာပေါင်းများစွာ ပင်လယ်ပြင်မှာ အတိဒုက္ခ ရောက်နေ ကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် မှုခင်းထောက်လှမ်းရေး တပ်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
2014-09-20
ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှု ရက်သတ္တ ပတ်လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ စတင်လိုက်ပြီး လွှတ်တော်ပွင့်လင်းမြင်သာရေး ၂ဝ၁၄ လှုပ်ရှားမှုကို မနေ့က ရန်ကုန်မှာ ကျင်းပပါတယ်။
2014-09-20
ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာကြဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေက ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆိုလိုက်တယ်လို့ ဆွေးနွေးပွဲ ဦးဆောင် ကျင်းပတဲ့ Woman Glaxy အဖွဲ့တာဝန်ခံ မယဉ်မျိုးလှိုင်က RFA ကို ပြောပါတယ်။
2014-09-20
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူနှင်းထွေး ကို ပြန်လည်လွှတ်ပေးဖို့ ရန်ကုန်မြို့ Excel Hotel မှာကျင်းပ တဲ့ အမျိုးသမီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်လာ ကြသူတွေက လတ်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
2014-09-20
MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်တဲ့အခါ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အညီ လုပ်ဆောင် သွားမှာဖြစ်ကြောင်း MSF အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Mr. Simon Tyler က ပြော ပါတယ်။
2014-09-19
မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီး က တပ်မတော်သားတွေအနေနဲ့ ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင် သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန် တားမြစ်ကြောင်း ဗိုလ်မှူးကြီး စောတိုက်ဂါး ဦးစီးတဲ့ KNU/ KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ နယ်စပ်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး (အထူး)ဗျုဟာက ထုတ်ပြန်ခဲ့တဲ့စာဟာ မိမိတို့ ဌာနချုပ်နဲ့ မသက်ဆိုင်ကြောင်း KNU/KNLA ကရင်ငြိမ်း ချမ်းရေး ကောင်စီဌာနချုပ်က ဒီကနေ့ရက်စွဲနဲ့ စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2014-09-19
မြင်းခြံမြို့က အမှတ် ၁၆ မူလတန်းကျောင်းမြေမှာ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက လူနေအိမ်တွေဆောက်လုပ်နေတာကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့ သူတွေထဲက ၄ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားပြီး ဒီနေ့ မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လဆီကျခံဖို့ မြင်းခြံ ခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။
2014-09-19
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ အသတ်ခံနေရတာ တစ်နှစ်ကျော်အတွင်း အနည်းဆုံး အယောက် ၂၀ ကျော်ရှိနေပြီး၊ တရားခံကိုလည်း ဖေါ် ထုတ်ဖမ်းဆီးနိုင်တာ မရှိတဲ့အတွက် မြန်မာ အလုပ်သမားတွေ အထိတ်တလန့်ဖြစ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
2014-09-19
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်၂ မှာရှိတဲ့ ယီမင်ဖိနပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော် တောင်းဆိုနေတဲ့ တစ်ရက်လုပ်ခ ကျပ် ၁၈၀ နဲ့ ရှားပါးစရိတ် တစ်လကျပ် ၁ သောင်းခွဲအထိ တိုးပေးဖို့ကို အလုပ်ရှင်က ဒီနေ့ သဘောတူလိုက်ပါတယ်။
2014-09-19
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နည်းပညာတက္ကသိုလ် မှာ ကျောင်းသားကျောင်းသူတွေရဲ့ စာမေးပွဲအဖြေ လွှာတွေ ပျောက်ဆုံးခဲ့တာကြောင့် ကျောင်းအုပ်ချုပ်ရေးက အားလုံးပြန်ဖြေဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာမှာ ကျောင်း သူကျောင်းသားတွေက ကန့်ကွက်လိုက်ကြပါတယ်။
2014-09-19
စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ သတင်း မီဒီယာတွေကို အများပြည်သူအကျိုးစီပွား အတွက် ကန့်ကွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောလိုက် ပါတယ်။
2014-09-19
မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေတွေကို လက်ခံရ မှာဖြစ်သလို အဲဒီချေးငွေတွေ အသုံးပြုမယ့် စီမံကိန်းတွေ ရွေးချယ်ရာမှာ လည်း မှန်ကန်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။