သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-28
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စုက ကျားမင်းကြီး အရက်ချက် စက်ရုံကနေ အနံ့ဆိုးတွေ ထွက်နေတာတွေ၊ ရေဆိုးစွန့်ပစ်မှုတွေကြောင့် အနီးဝန်းကျင်ကျေးရွာတွေ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတယ်လို့ စက်ရုံကို ဒီနေ့ သွားစစ်ခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က ပြောပါတယ်။
2018-09-28
မြန်မာအစိုးရပိုင် မီဒီယာတွေဟာ ရခိုင်ပဋိပက္ခဖြစ်စဉ်နဲ့ ရိုက်တာသတင်းထောက် နှစ်ယောက် ကိစ္စလို သတင်းမျိုးတွေမှာ အစိုးရအမြင်ကိုသာဖော်ပြပြီး ပုဂ္ဂလိကပိုင်မီဒီယာနဲ့ နိုင်ငံတကာမီဒီ ယာတွေလောက် ရှုထောင့်စုံက ဖော်ပြခြင်းမရှိခဲ့ဘူးလို့ မြန်မာဒီမိုကရေစီသိပ္ပံလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ MID က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
2018-09-28
ICC နိုင်ငံတကာခုံရုံးမှာ တပ်မတော်ကို အရေးယူဖို့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ဒီနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
2018-09-28
လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၆၀ နှစ်အထက် အသက်အရွယ်ရှိတဲ့သူတွေကိုပေးနေတဲ့ လူမှုရေးပင်စင်ကို လာမယ့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ လက်ရှိပင်စင်ရရှိတဲ့ သက်ကြီးရွယ်အို လူဦးရေထက် လေးဆအထိ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။
2018-09-28
စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်အပြီး ချုပ်ရက်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ မြောက်ဦး ကလူငယ် ၈ ဦးကို နိုင်ငံတော် အလံဥပဒေနဲ့ ရဲက ထပ်မံဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်ဥပဒေချုပ်နဲ့ တွေ့ဆုံတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
2018-09-28
လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မရှိသင့်ဘူးလို့ဖြေဆိုတဲ့ သူ ၁၆ ရာခိုင်နှုန်းပဲရှိပြီး တိုးသင့်တယ်လို့ ဖြေဆိုသူ ၁၄ ရာခိုင်နှုန်းရှိတယ်လို့ ၂၀၁၈ခုနှစ် မေလထဲမှာကောက်ခံခဲ့ပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းအစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။
2018-09-28
UWSA "ဝ" အထူးဒေသက ခရစ်ယာန် ဓမ္မဆရာ၊ ဆရာမ ၉၂ ဦးကို ဖမ်ဆီးထားပြီး ကျမ်းစာ တက်နေတဲ့ ကျောင်းသား ၄၁ ဦးကို "ဝ" အာဏာပိုင်တွေက စစ်မှုထမ်းခိုင်းထားကြောင်း လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ ကြေညာချက်ပါ ဖော်ပြချက်နဲ့ ပတ်သက်လို့ UWSA က စုံစမ်းနေဆဲပဲလို့ RFA ကို ဒီနေ့ ပြောပါတယ်။
2018-09-28
လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို ဥပဒေအကျိုးဆောင်ပေး ခဲ့တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့ကို တရားရေး ဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ မင်းလှမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချ မှတ်လိုက်ပါတယ်။
2018-09-28
ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ကျေးရွာလူထုရဲ့ ဆန္ဒမဲနဲ့ မဟုတ်ဘဲ ကံစမ်းမဲလိပ်နှိုက်သလို မဲပေါက်တဲ့သူကို ရွေးချယ်ခဲ့တဲ့အတွက် မကျေနပ်တဲ့ ဒေသခံတွေက ဒီနေ့ မနက်ပိုင်းက မကွေးမြို့ ကန်သာအေးစေတီဘုရားအနီးကနေ မြို့တော်ခန်းမအထိ ချီတက်ဆန္ဒပြခဲ့ပါတယ်။
2018-09-28
မန္တလေးမြို့၊ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) ကို တပ်မတော် အရာရှိတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားရာမှာ ဆရာတော်က ဒီနေ့ အမရပူရမြို့မ ရဲစခန်းမှာ သွားရောက်အစစ်ဆေးခံခဲ့ပြီး ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2018-09-27
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ပြန်လွတ်ပေးရေးအတွက် လန်ဒန်မြို့ မြန်မာသံရုံးရှေ့ကို လူတချို့ မနေ့က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
2018-09-27
ကနေဒါ အောက်လွှတ်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းခဲ့တဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ပြန်လည်ရုပ်သိမ်းဖို့ ကြာသပတေးနေ့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
2018-09-27
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ စွဲချက်တင်ရေး ပြင်ဆင်တဲ့အနေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းထိန်းသိမ်း လေ့လာစိစစ်မယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။
2018-09-27
ဟာသသရုပ်ဆောင် အောင်ရဲထွေးကို သတ်တဲ့အမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ သန်းထွဋ်အောင် အပါအဝင် ၃ ဦးဟာ သင်္ဃန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
2018-09-27
YBS ၂၀ နဲ့ ၃၈ က ယာဉ်မောင်း ၁၇ ယောက်ဟာ အချိန်ပိုဆင်းရတဲ့အတွက် အချိန်ပိုကြေးပေးဖို့ Omni Focus ကုမ္ပဏီကို ဥပဒေကြောင်းအရ တောင်းခံခဲ့ပေမယ့် ပြေလည်မှုမရဘဲ အလုပ်ထုတ် ခံရတာကြောင့် ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ပါတယ်။