သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-04
၈၈ မျိုးဆက်ထဲက ထင်ရှားသူတချို့ ဦးဆောင်ကြတဲ့ ပြည်သူ့ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၅၂ ယောက် ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
2020-08-04
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တောင်ပိုင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ဒီနေ့ သြဂုတ် ၄ ရက်နေ့မနက်က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
2020-08-03
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ နိုင်ငံတော်က အားပေးကူညီထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တဲ့အတွက်၊ မြန်မာအစိုးရအပေါ် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု အားလုံးကို ဖြတ်တောက်တာအပါအဝင် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ အမေရိကန်အောက်လွှတ်တော်အမတ် Ted Yoho က တိုက်တွန်းလိုက်ပါတယ်။
2020-08-03
ကိုဗစ်-၁၉ အရေးပေါ်ကာလမှာ ထိုင်း-မြန်မာ နယ်စပ်တလျှောက် လူကုန်ကူးသူတွေနဲ့ ချိတ်ဆက်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ နေ့စဉ်ဆိုသလို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတာကို ခံနေရပါတယ်။
2020-08-03
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ညက ရဲကပစ်ခတ်လို့ မွတ်စလင်ရိုဟင်ဂျာ တစ်ဦးပွဲချင်းပြီးသေဆုံးပြီး တစ်ဦးကို ဆေးရုံကိုပို့ဆောင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုးကတော့ ငြင်းဆိုလိုက်ပြီး သူတို့အချင်းချင်း ရန်ဖြစ်ကြရာကနေ အခုလိုသေဆုံးဒဏ်ရာရကြတာလို့ တုံ့ပြန်ကြပါတယ်။
2020-08-03
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တလုံးရွာမှာ ဒီနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တွေ က ပြောပါတယ်။ သုံးယောက်မှာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
2020-08-03
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်ဟာ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2020-08-02
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှာ ဒီနေ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းလာသွင်း သွားကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။
2020-08-02
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ချင်း မျက်နှာချင်းဆိုင်ညှိနှိုင်းဆွေးနွေဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အစည်းအဝေးတွေကို အပြိုင်ကျင်းပဖို့ ဒီနေ့ သဘောတူလိုက်ပါတယ်။
2020-08-02
တစ်နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် မြို့နယ် ရှစ်မြို့နယ်ကို သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်ပြီလို့ အစိုးရဘက် ပြောပါတယ်။ အင်တာနက် ပြန်ဖွင့်ပေးထားကြောင်း ဖုန်းတွေထဲ အကြောင်းကြားစာရပေမယ့် ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ ဒီနေ့ နေ့လယ်အထိ အင်တာနက်လိုင်းတွေ သုံးလို့မရေသေးကြောင်း ပြောကြပါတယ်။
2020-08-02
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ သီးသန့်မဲပေးနိုင်ဖို့ တပ်မဲရုံ ၆၃၂ ရုံ သတ်မှတ်ပြီး တပ်ပြင်ပမှာ ထားရှိမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က ထုတ်ပြန်ပါတယ်။
2020-08-01
စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မူလသတ်မှတ်ထားတဲ့ ရက်အစား သြဂုတ်လ ၁၉၊ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ပြောင်းလဲကျင်းပသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2020-08-01
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၁၂ ဦးကို အပြောင်းအလဲလုပ်ထားတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။
2020-07-31
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထာရွာသူ နော်မုနော် ကို ပစ္စည်းလုယက် သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို ဇူလိုင် ၃၁ ရက်နေ့မှာ စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-07-31
ချင်းပြည်နယ် ပလက်ဝမြို့နယ်က ချင်းလူငယ် လေးဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က မနေ့က ထုတ်ပြန်ပါတယ်။