သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-08
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
2023-10-08
ပဲခူးမြို့ပေါ်မှာ မိုးအဆက်မပြတ်ရွာပြီး မြစ်ရေကြီးမှုကြောင့် လူတစ်သောင်းဝန်းကျင် ပြောင်းရွှေ့နေရပါတယ်။
2023-10-07
ကလေးမြို့နယ် စက္ကန့်ကျေးရွာမှာ အောက်တိုဘာ ၇ ရက်နေ့က နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတဲ့အပြင် ဒေသခံ မြေးအဖွားနှစ်ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-07
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ အောက်တိုဘာ ၇ ရက်နေ့မှာ အရပ်သားတစ်သောင်းခွဲကျော်ထွက်ပြေးနေရပါတယ်။
2023-10-07
ရေတာရှည်မြို့နယ်၊ နဂျပ်ရွာနဲ့ လက်ပံဖြူရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်မှာ လေကြောင်းကပစ်ခတ်လို့ အရပ်သားတစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-10-07
စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် KNU ထိန်းချုပ်နယ်မြေတွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိ အရပ်သားတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-10-06
ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲထောင်ချခံထားရတဲ့ အမှုတွေထဲက အထူးအယူခံတက်ထားတဲ့ အဂတိအမှုခြောက်မှုရဲ့ အယူခံကိုပယ်ချလိုက်ပါတယ်။
2023-10-06
ဖရူဆို အရှေ့ဘက်အခြမ်းကရွာတွေကို အောက်တိုဘာ ၄ ရက်နဲ့ ဒီနေ့ ၆ ရက်မှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ရွာခြောက်ရွာက ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2023-10-06
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်တစ်ဦးကိုလာဖမ်းချိန် အဲဒီလူငယ်ကို မတွေ့တာကြောင့် နေအိမ်မှာရှိနေတဲ့ မောင်နှမသုံးဦးကို ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2023-10-06
စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိ အရာရှိဆယ်ဦးကို အရပ်ဘက် ဝန်ကြီးဌာန သုံးခုမှာ ပြောင်းရွှေ့ပေးလိုက်ပါတယ်။
2023-10-06
သရက်ချောင်းမြို့နယ်ထဲက ရွာတွေကို စီးနင်းဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကမြိုင်ရွာခံ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2023-10-06
စစ်ကြောင်းထွက်သွားပြီးနောက် ကျေးရွာတွေထဲ ပြန်ဝင်ကြည့်တဲ့အခါ နှိပ်စက်ညှဉ်းပန်းပြီးမှ အသတ်ခံထားရတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရတယ်လို့ ပြောပါတယ်။
2023-10-06
စက်ရုံစုရပ်ကွက်မှာရှိတဲ့ ALP ရုံးအနီးမှာ သားအဖနှစ်ဦး သေနတ်နဲ့အပစ်ခံရတာကြောင့် ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2023-10-05
ဘန်ကောက်မြို့လယ်က Siam Paragon ကုန်တိုက်ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးအတွက် နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာန က ဗုဒ္ဓဟူးနေ့ က ကြေညာပါတယ်။
2023-10-05
CDM ဝန်ထမ်း ဇနီးမောင်နှံ နှစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး သူတို့နေထိုင်တဲ့ နေအိမ်ကိုပါ ချိပ်ပိတ်လိုက်တယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။