သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-11
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေနဲ့အတူ တရားရုံးတွေ ပိတ်ထားပေမယ့် ဗိုင်းရပ်စ်ကူးစက်ပြီး သေဆုံးတဲ့ ပုဂ္ဂလိက ဥပဒေ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေလည်း ပါဝင်ပါတယ်။
2020-12-11
ကိုရိုနာဗိုင်းရပ် စတင်တွေ့ရှိတဲ့အချိန်မှာ စက်ရုံအလုပ်ရုံတစ်ချို့ ပိတ်သိမ်းခံရပြီး အလုပ်သမားတွေ အလုပ်ဖြုတ်ခံနေရတာတွေရှိပါတယ်။ ဒါပေမဲ့ မန္တလေးမြို့က အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား တချို့ဟာ စက်ရုံပိတ်သိမ်းရလို့ မဟုတ်ဘဲ သမဂ္ဂလှုပ်ရှားမှုတွေကြောင့် ဖြစ်နေရပါတယ်။
2020-12-11
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်တောင်းခံခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနဲ့ ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံတာဖြစ်လို့ ဥပဒေအရ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်အပေါ် တပ်မတော်က တုံ့ပြန်လိုက်ပါတယ်
2020-12-11
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား သုံးဦးကို ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်လိုက်ပါတယ်။ အခုလိုချမှတ် လိုက်တဲ့ ပြစ်ဒဏ်ကို တရားလိုဘက်က ကျေနပ်တယ်လို့ ပြောပါတယ်။
2020-12-10
ဧရာဝတီတိုင်း အစိုးရတစ်ဖွဲ့လုံး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးမယ်လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးဝင်းဌေးက RFA ကို အတည်ပြုပြောပါတယ်။
2020-12-10
မြန်မာနိုင်ငံအထက်ပိုင်း ရေခဲတောင်ဒေသဖြစ်တဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာ ဖုန်းနဲ့ အင်တာနက်တွေ ကောင်းကောင်းအသုံးပြုနိုင်အောင် မြန်နှုန်းမြှင့်ပေးဖို့ ဒေသခံလူငယ်တွေက အစိုးရကို တောင်းဆိုနေပါတယ်။
2020-12-10
နှစ်နှစ်နီးပါးကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် (AA ) တို့ရဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဒီဇင်ဘာလ ၉ ရက် မနေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့မှာ တစ်နာရီနီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2020-12-10
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူ သန်းနဲ့ချီရှိနေပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကတော့ မြန်မာနိုင်ငံမှာ ကပ်ဘေးကြောင့် အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေ ခုနစ်သန်းဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။
2020-12-10
သံဖြူဇရပ်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေပေးဖို့ တရားဝင် တောင်းဆိုခဲ့ပေမယ့် ကော်မရှင်က မထုတ်ပေးလို့ ရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်သေးကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။
2020-12-10
Victoria သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲလိုက်တာဟာ၊ ကာယကံရှင်ရဲ့ နစ်နာမှုကို ဥပဒေကြောင်းအရ ကုစားမှုပြန်ရစေဖို့ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်မယ့် ရှေ့နေတွေက ပြောလိုက်ပါတယ်။
2020-12-10
အစိုးရသစ်အနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အသရေဖျက်မှု ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာအဖွဲ့ FEM အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်က ဆွေးနွေးပြီး ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-12-10
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသူတွေထဲက ရခိုင်လူငယ် သုံးဦးကို စစ်တွေအမှတ် ၁ ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
2020-12-10
ရှမ်းပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကျော်သီဟ က RFA ကို ပြောပါတယ်။
2020-12-10
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ မန္တလေးခရိုင်အတွင်း နေအိမ်နေထိုင်ရေးကာလ နှစ်ပတ် သတ်မှတ်ထားတဲ့ရက်တွေမှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ စေတနာ့ဝန်ထမ်းတွေက ရပ်ကွက်၊ ကျေးရွာ အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးနေပါတယ်။
2020-12-10
ရန်ကုန်အခြေစိုက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့က သူတို့အဖွဲ့ ဥက္ကဋ္ဌ နော်အုန်းလှ နိုင်ငံတကာဆု ရရှိတယ်လို့ ဒီကနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။