သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-26
ခင်ဦးမြို့နယ်က ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဇာတိရွာဖြစ်တဲ့ မုံလှရွာကို ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ခင်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
2024-08-25
ရိုဟင်ဂျာတွေပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး သေဆုံးနေရတာတွေကို အရေးတကြီး ကာကွယ်ပေးဖို့ တောင်းဆိုတာလို့ ပွဲကျင်းပရေးတာဝန်ခံတစ်ဦးဖြစ်သူ ဦးခင်မောင်က ပြောပါတယ်။
2024-08-25
ရိုဟင်ဂျာတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့ လိုအပ်နေပြီး နိုင်ငံတကာက အကူအညီတွေပေးဖို့ BROUK အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2024-08-25
မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားပြည်သူတွေကို ထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2024-08-25
အင်းတော်မြို့ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ရဲစခန်းအချုပ်ထဲမှာရှိနေတဲ့ အချုပ်သား ၁၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
2024-08-25
ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ရှိမ်းမကားရွာက စစ်ကောင်စီတပ်စခန်းတွေကို ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2024-08-25
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက် စစ်ဆိုင်ထားပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-08-25
မောင်တောမြို့မှာ စစ်ကောင်စီတပ်ရဲ့ ခံစစ်နေရာအနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီနေရာတွေကိုလည်း (AA) က ထိုးစစ်ဆင်နေတဲ့အတွက် မကြာခင်မှာ အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ AA က ထုတ်ပြန်ပါတယ်။
2024-08-25
UWSA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ နမ့်တစ်ဂိတ်ကန ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်နိုင်ငံဘက်က သြဂုတ်လ ၂၄ ရက်နေ့ကစပြီး ပိတ်ထားလိုက်ပါတယ်။
2024-08-25
တိုက်ပွဲတွေရှိနေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက ကန့်သတ်ထားပါတယ်။
2024-08-25
လက်ပံတန်းမြို့နယ် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သုံ့ပန်း ဆယ်ဦး ဖမ်းမိခဲ့ပါတယ်။
2024-08-24
ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးအပါအင် ငါးဦးကို သြဂုတ်လ ၁၄ ရက်နေ့က မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်က ဖော့တော့တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ PLA ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
2024-08-24
ဒီမြေပြိုမှုမှာ မြန်မာနိုင်ငံသားရှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရသလို ထိုင်းနိုင်ငံသား သုံးဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2024-08-24
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2024-08-24
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ လူဝင်မှုကြီးကြပ်ရေးရဲတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမား တစ်ရာကျော်ကို ဖမ်းဆီးခဲ့ပါတယ်။