သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-15
ချင်းညီနောင် (CB) က တီးတိန်မြို့ကို သိမ်းမှာဖြစ်တာကြောင့် တခြားအဖွဲ့တွေ စစ်ရေးဖော်မှာ မလိုလားဘူးလို့ ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland က RFA ကို ပြောပါတယ်။
2025-01-15
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ဒုက္ခသည်စခန်းကို တိုက်ခိုက်ခဲ့တာလို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
2025-01-15
ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုကို တားဆီးဖို့ စည်းကမ်းချက် ငါးချက် ချမှတ်တင်းကျပ်သွားမယ်လို့ ဆုံးဖြတ်လိုက်ကြောင်း BGF နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
2025-01-15
ဖားကန့်မြို့နယ် စပေါ့ရွာက ကျောက်စိမ်းတွင်းဟောင်း နွံကန်ပေါက်ကျမှုမှာ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
2025-01-15
ချင်းရိုင်ခရိုင်၊ မယ်ဖာလွမ်မြို့နယ် ဘန့်ပန်မဟန်ရွာအနီးမှာ မူးယစ်ဆေး မှောင်ခိုသယ်လာတဲ့အဖွဲ့နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးသယ်တဲ့အဖွဲ့က လေးဦး သေဆုံးသွားပါတယ်။
2025-01-15
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံက ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်းမှာ ဂျပန်လူမျိုး ခြောက်ဦး ဖမ်းဆီးခံထားရတယ်လို့ ဂျပန် အဆာဟီရှင်ဘွန်းသတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်မှာ ဖော်ပြပါတယ်။
2025-01-15
DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ပုသိမ်အကျဥ်းထောင် အထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ် ထပ်မံချမှတ်လိုက်ပါတယ်။
2025-01-15
မြိုင်မြို့ကနေ ပျူစောထီး လက်နက်ကိုင်တွေရှိနေတဲ့ ရွာတွေကို ရိက္ခာပို့ဆောင်တဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပါတယ်။
2025-01-15
ပွင့်ဖြူမြို့နယ်မှာ ရွာငါးရွာကနေ ဒေသခံ လေးဆယ်ကျော်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2025-01-15
ဆီဆိုင်မြို့နယ်က တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရတဲ့ PNLA တပ်ဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီတပ်နဲ့ ပူးတွဲတိုက်ပွဲဖော်နေတဲ့ PNO အဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
2025-01-15
မြန်မာ့အရေး စိုးရိမ်စရာဖြစ်လာချိန်မှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတွေ၊ ပညာရှင်တွေနဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေ တံခါးပိတ်ဆွေးနွေးခဲ့တယ်လို့ The Economic Times က ဇန်နဝါရီ ၁၄ မှာ ဖော်ပြပါတယ်။
2025-01-15
ဒေါ်နီမိုလှိုင်နဲ့ မစုမြတ်ထက်တို့ကို သင်္ဃန်းကျွန်းခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ဆယ်နှစ် ချမှတ်လိုက်ပါတယ်။
2025-01-15
ပြည်တွင်း ပဋိပက္ခမှာ ပြည်ပနိုင်ငံတချို့က လက်နက်ကိုင်တိုက်ခိုက်မှုကို အားပေးအားမြှောက်လုပ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။
2025-01-14
လွိုင်ကော်မြို့ကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ တစ်ပြိုက်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2025-01-14
စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။