သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-13
မဏိပူရ်အစိုးရဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ နယ်စပ်စည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းထားတာလို့ ဆိုပါတယ်။
2025-01-13
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဖားကန့်မြို့နယ် မှော်လှည့်သပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၁၃ ရက် (ပြာသိုလပြည့်) ဒီနေ့ ကျရောက်တဲ့ အမေနေ့ အထိန်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
2025-01-13
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကို စစ်တပ်က ဇန်နဝါရီလ ၁၃ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2025-01-13
အမ်းတောင်ကြားလမ်းက မကွေးတိုင်းဘက်အခြမ်းမှာ စစ်ကောင်စီတပ်နဲ့ AA၊ CDF-Asho ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-01-13
ကျွန်းလှမြို့နယ်က ရွာတချို့မှာ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲပြီး ကန့်ဘလူမြို့နယ်ထဲက ရွာတွေကိုပါ စစ်ကြောင်းထိုးနေတာကြောင့် လူနှစ်သောင်းခန့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2025-01-13
လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က စားနပ်ရိက္ခာ သယ်ယူတဲ့လမ်းကြောင်းတချို့ကို ပိတ်ဆို့ကန့်သတ်ထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2025-01-13
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဆွပ်ယန်နဲ့ ဆန်ခါရွာတို့ကို ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-01-13
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လွတ်ဖို့ မျှော်လင့်တယ်လို့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဂျပန်နိုင်ငံသား သတင်းထောက် တိုရူကူဘိုတာက ပြောပါတယ်။
2025-01-12
မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ကုန်သွယ်နေတဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်တချို့ကို တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
2025-01-12
မြေပြန့်ဒေသနဲ့ ဆက်စပ်ဒေသတွေမှာ စစ်ရေးအရှိန်မြှင့်သွားမှာလို့လည်း TNLA ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားပါတယ်။
2025-01-12
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ဇန်နဝါရီလ ၁၀ ရက်နေ့က သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2025-01-12
ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့မှာ စစ်ကောင်စီတပ်နဲ့ DPLA တပ်ဖွဲ့တွေ စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2025-01-11
မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၊ အိုးပြင်မဲရွာကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2025-01-11
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က စန်လွန်ရွှေမှော်ကို ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦး သေဆုံးကာ၊ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဇန်နဝါရီလ ၁၂ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။
2025-01-11
စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ အမှတ် ၃ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့တွေ တစ်နှစ်အတွင်း ထိတွေ့တိုက်ပွဲပေါင်း ၈၈ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။