ဒီမိုကရေစီဖော်ဆောင်ရေးမှာ အကြမ်းမဖက်နည်း လက်ကိုင်ထား

ညှိနှိုင်းဆွေးနွေးတဲ့နည်း၊ နိုင်ငံရေးနည်း၊ ဒီမိုကရေစီနည်းနဲ့ လုပ်နိုင်အောင်လို့ ကြိုးစားနေတာမို့ အကြမ်းမဖက်တဲ့နည်းကို လက်ကိုင်ထားတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မတ်လ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

2011.03.11
assk_independence_2011_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ရန်ကုန်မြို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မန္တလေးတိုင်း စည်းရုံးရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာပါ။

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးတိုင်း စည်းရုံးရေး ကော်မတီ ခေါင်းဆောင်တွေနဲ့ တိုင်းအတွင်းရှိ မြို့နယ် ၃၁ မြို့နယ်က မြို့နယ် စည်းရုံးရေးခေါင်းဆောင် ၇၈ ဦး တက်ရောက်တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဆွေးနွေးကြတဲ့ နေရာမှာ မန္တလေးတိုင်း စည်းကော်မတီနဲ့တော့ နိုင်ငံရေး ဆောင်ရွက်ချက်တွေကို ဗဟိုရဲ့ လမ်းညွှန်ချက်နဲ့ အညီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဦးဆောင်မှုအောက်မှာ အဖွဲ့ချုပ်ကို နိုင်ငံရေး အင်အားစုကြီး အဖြစ်နဲ့ ဆက်လက် ခိုင်မာရေးအတွက် သူတို့ ဗဟိုအဖွဲ့နဲ့ ပေါင်းပြီးတော့ တခြား ပြည်နယ်၊ တိုင်းတွေကိုပါ ဆက်လက် ဆောင်ရွက်နိုင်ခဲ့တဲ့ ကိစ္စ၊ အဲဒါတွေ တင်ပြတယ်။ နောက် ကျွန်တော်တို့ လူမှု အထောက်အကူ လုပ်ငန်းတွေ အဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မန္တလေးတိုင်းက တက်တက်ကြွကြွ အကူအညီ ပေးနေတဲ့ လုပ်ငန်းကိစ္စတွေ တင်ပြတယ်။”

တမြို့နယ် တဦးကျစီနဲ့ မန္တလေး စည်းရုံးရေး ကော်မတီကိုယ်စား ဒေါက်တာ ဇော်မြင့်မောင်တို့က မန္တလေးတိုင်းအတွင်း ဆောင်ရွက်ချက်တွေနဲ့ အခြေအနေတွေကို တင်ပြကြတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဆွေးနွေးပါတယ်။

မန္တလေးမြို့နယ်တွေမှာ လုပ်ကိုင်နေတဲ့ လူမှုရေး လုပ်ငန်းတွေ၊ မြို့နယ်တွေမှာ ကြုံနေရတဲ့ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စ၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲကိစ္စ၊ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်တဲ့အတွက် စိုက်ပျိုးခင်းတွေ ပျက်စီးရပေမဲ့ လယ်သမားတွေ လျော်ကြေးမရတဲ့ ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေတဲ့ ကိစ္စတွေ ဆွေးနွေး တင်ပြကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

အဲ ဒီ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ စကားတွေထဲက တချို့ကို ကောက်နုတ်ပြီး RFA မှ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။