စီးပွားရေး ပိတ်ဆို့မှုများ ဆက်ထားဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ထားတာတွေကို ဆက်ပြီး ထားဖို့ လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၃ ရက် ဒီကနေ့ ဂျာမနီက သတင်းစာတစောင်နဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

2011.03.23
eu_flag_europe_305_z.png ဥရောပ သမဂ္ဂ အလံ (ဝဲအစွန်) နှင့် အဖွဲ့ဝင် ၂၅ နိုင်ငံတို့၏ အလံများကို ပြင်သစ်နိုင်ငံ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ ရှေ့တွင် လွှင့်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေး ဥရောပသမဂ္ဂက ပြန်လည် စဉ်းစားမဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်သတင်းစာ Franfurter Rundschau နဲ့ မေးမြန်းခန်းမှာ ပိတဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ဆိုရင် တိုးတက်မှု အပြောင်းအလဲတခုခု မြင်တွေ့ရဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဥရောပနဲ့ အမေရိကန် နိုင်ငံတွေက စီးပွားရေးအပါအဝင် တခြားပိတ်ဆို့မှုတွေ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထားရှိဖို့ ဆုံးဖြတ်ထားပေမဲ့ ဥရောပသမဂ္ဂ EU အနေနဲ့လာမဲ့ ဧပြီလအတွင်း ပြန်လည် သုံးသပ်စဉ်းစားဖို့ ရှိနေပါတယ်။

စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော် ရှိနေတဲ့ စစ်အစိုးရကို ဖိအားပေးနိုင်ဖို့ မြန်မာနိင်ငံအပေါ် ပိတ်ဆို့မှုတွေ ထားရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

ဒါပေမဲ့ သဘာဝ သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံက အရင်းအမြစ်တွေကို မျက်စိကျနေတဲ့ အနောက်နိုင်ငံက စီးပွားရေးသမားများ အာဆီယံကုမ္မဏီများ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ တောင်ကိုရီးယားက စီးပွားရေးသမားတွေကတော့ ဒီအယူအဆကို လက်ခံချင်ပုံ မရဘူးလို့ AFP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်သတင်းစာနဲ့ မေးမြန်းခန်းမှာရွေးကောက်ပွဲ ပြီးကတည်းက မြန်မာနိုင်ငံမှာ ဘာတွေ ပြောင်းလဲလာတာ မြင်ရသလဲလို့ မေးခွန်းပြန်ထုတ်ထားပါတယ်။ ကျွန်မ အရင်ပြောခဲ့ဖူးသလိုပါပဲ၊ ဘာမ ှရှင်းရှင်းလင်းလင်း မမြင်ရသေးပါဘူးလို့ ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။