တနင်္သာရီမှာ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် စောင့် ကြည့်မည်
2016.08.22

တနသာၤရီတိုင်းဒေသကြီးအတွင်းက သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိ မရှိ စောင့်ကြည့်သွားဖို့အတွက် အစိုးရနဲ့ဒေသခံတွေက အဖွဲ့တွေ ဖွဲ့စည်းပြီး စောင့််ကြည့်သွားမှာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့တွေကကို ဒေသခံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ တနင်္သာရီတိုင်း အစိုးရသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောပါတယ်။
"ဒေသခံတွေထဲကနေပြီးတော့ သူတို့ဘာသာရွေးချယ်ပြီးတော့ ဖွဲ့ပေးထားတဲ့ ၁၀ ဦးပေါ့၊ ကျနော်တို့က ဒီဟာကို Format တော့ချပေးလိုက်တာပေါ့၊ အဓိက သူတို့ရဲ့လုပ်ငန်းတာဝန်ကတော့ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မှု ရှိ မရှိ ဆိုတဲ့ဟာကို စောင့်ကြည့်ပြီးတော့ ကျနော်တို့ကော်မတီကို အကြောင်းကြားဖို့အတွက်ကို ဖွဲ့တာပါ"
ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ စတင်ဖွဲ့စည်းဖို့ ညွှန်ကြားလိုက်တာဖြစ်ပြီး တနသာၤရီတိုင်းဒေသကြီးမှာ သတ္ထုတွင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၃၇ ခုရှိပြီး ပြီးခဲ့တဲ့ ဇွန်လက စည်းမျဉ်းအတိုင်း မလိုက်နာတဲ့ ကုမ္ပဏီ ၃ ခုကို ယာယီပိတ်သိမ်းလိုက်ပါတယ်။
တနင်္သာရီတိုင်းအစိုးရအဖွဲ့ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်စေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတချို့ကိုလည်း လုပ်ငန်းယာယီရပ်နားခဲ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ပြုပြင်ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။