ရွေးချယ်ခံရတဲ့ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ နံမည်တွေ ကြေညာ
2013.06.27
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ချထားပေးရေးအတွက် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်ရာမှာ နော်ဝေနိုင်ငံအခြေစိုက် Telenor Mobile နဲ့ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီတို့ကို တင်ဒါအောင်မြင်သွားပါတယ်။
အရန်အဖြစ်က ပြင်နိုင်ငံအခြေစိုက် Orange နဲ့ ဂျပန်နိုင်ငံအခြေစိုက် Marubeni တို့ကို အသီးသီးရွေးချယ် လိုက်ပါတယ်။
တင်ဒါဝင်ပြိုင်တဲ့ အဖွဲ့အစည်းတွေထဲမှာ Digicel, Orange, Telenor Mobile, Singtel, Ooredoo, China Mobile စတဲ့ ကုမ္ပဏီတွေအပါအဝင် အဖွဲ့အစည်း ၁၁ ခုပါဝင်ခဲ့ပါတယ်။
အခုတင်ဒါအောင်သွားတဲ့ အဖွဲ့ ၂ ဖွဲ့ဟာ ပြည်တွင်းကုမ္ပဏီတွေဖြစ်တဲ့ Myanmar Telecom နဲ့ Yadanarpon Telecom တွေနဲ့အပြိုင် ဝန်ဆောင်မှုပေးကြရမှာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီ ၄ ခုကနေ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိ မိုလ်ဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချဖို့အတွက် သတ်မှတ်ထားတယ်လို့ သိရပါတယ်။