ဇီးကုန်းမြို့မှာ အကြမ်းဖက်သမားတွေ ဗလီနဲ့ အိမ်တွေကို ဖျက်ဆီး


2013.03.27
police-zekon-305 ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် မတ်လ ၂၇ ရက်နေ့က အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှလုံခြုံရေးယူထားတာကိုတွေ့ရစဉ်
Photo: RFA

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့မှာ မနေ့နေ့လည်က အကြမ်းဖက်သမားတွေက ဗလီ ၁ ခု၊  နေအိမ်နဲ့ဈေးဆိုင်တွေ စုစုပေါင်း ၂ဝ ကျော်ဖျက်ဆီးလိုက်ပါတယ်။ ဒဏ်ရာသူ ၂ ယောက်နဲ့ ရဲကဖမ်းဆီးထိမ်းသိမ်းထားသူ ၁ ယောက်ရှိတယ်လို့ သိရပါတယ်။

အဆောက်အဦးတွေ ဖျက်ဆီးနေတာကို ဓါတ်ပုံမှတ်တမ်းယူခဲ့တဲ့ ဇီးကုန်းမြို့နယ် NLD လူငယ် ကိုဇော်မင်းကို ရဲကထိုးကြိတ်လိုက်တဲ့အတွက် ဒဏ်ရာရပြီး ဆေးကုနေရသလို၊ ရဲတွေပစ်ခတ်လို့ သေနတ်ကျည်ထိသွားသူ ၁ ယောက်ကိုလည်း ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓါတ်ပုံမှတ်တမ်းယူနေတဲ့ Eleven ဂျာနယ်သတင်းထောက်တစ်ယောက်ကို အကြမ်းဖက်သမားတွေက မောင်းထုတ်ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ ညပိုင်းမှာတော့ NLD အဖွဲ့ဝင် ကိုအောင်မြတ်သူကို ရဲကထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဇီးကုန်းရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်သူရဲဝန်ထမ်းက ဘာမှမဖြေကြားပဲ တယ်လီဖုန်းချသွားခဲ့ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်မြို့မှာ မနေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။