ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူမှု အဆမတန် မြင့်တက်လာ
2024.09.21
၂၀၂၄ ခုနှစ် ပထမ ခြောက်လအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေထဲမှာ မြန်မာနိုင်ငံသားတွေက ဒုတိအများဆုံးဖြစ်တယ်လို့ ထိုင်းအစိုးရ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) က စက်တင်ဘာ ၂၀ ရက်နေ့ သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီကာလအတွင်း မြန်မာက ကွန်ဒို ၆၃၈ ခန်း ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ပထမ ခြောက်လမှာ မြန်မာကဝယ်ယူတဲ့ ကွန်ဒို ၁၈၂ ခန်းသာရှိပြီး ဒီနှစ်မှာတော့ ၂၅၀ ရာခိုင်နှုန်း ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းမှာ အခု ခြောက်လအတွင်း ကွန်ဒိုဝယ်ယူမှုအများဆုံး ငါးနိုင်ငံမှာ တရုတ်က ပထမအများဆုံးဖြစ်ပြီး ၂၈၇၂ ခန်း၊ ရုရှားက ၅၆၇ ခန်းနဲ့ တတိယ၊ ထိုင်ဝမ်က ၃၂၆ ခန်းနဲ့ အမေရိကန်က ၂၉၂ ခန်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေ အများဆုံးဝယ်ယူတဲ့နေရာတွေက ချွန်ဘူရီ၊ ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်နဲ့ စမွန်ပရာကန်မြို့တွေမှာ ဖြစ်ကြပြီး ၇၅ ရာခိုင်နှုန်းက ဘန်ကောက်နဲ့ ချွန်ဘူရီ မှာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။