ဝါရင့်နိုင်ငံရေးသမားကြီး သခင်လှကွန်း ကွယ်လွန်

မြန်မာ့နိုင်ငံရေး သမိုင်းမှာ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သူ ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ဝင် သခင်လှကွန်း ဒီဇင်ဘာလ ၄ ရက် မနက်က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီး ဒီဇင်ဘာ ၆ ရက် မနေ့က ဈာပန ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

2011.12.07
thakhin-hla-kun-305 ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ဝင် သခင်လှကွန်း
RFA

မနှစ်က အာရ်အက်ဖ်အေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစ ပေါ်လာခဲ့တဲ့ အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု တော်လှန်ရေး ကာလမှာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ဆဲ သက်ရှိထင်ရှား သခင်ကြီးများထဲမှာ သခင်သိန်းမောင်၊ သခင်သိန်းဖေ၊ သခင်ချန်ထွန်းနှင့် သခင်တင်မြတို့သာ ကျန်ပါတော့တယ်။

စာရေးဆရာ သတင်းစာဆရာ တစ်ဦး အဖြစ်လည်း ထင်ရှားခဲ့တဲ့ သခင်လှကွန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-07 22:24

hi