သင်္ဃန်းကျွန်းမှာ လူ ၂၀၀ လောက် ဆန္ဒပြ


2014.01.19

ရန်ကုန်တိုင်း သင်္ဃန်းကျွန်မြို့နယ် ၁၆ ရပ်ကွက်မှာရှိတဲ့ မြို့နယ်အားကစားကွင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးကို စက်ရုံတည်ဆောက်ဖို့အတွက် လွဲှပြောင်းပေးလိုက်တာကြောင့် ၁၆ ရပ်ကွက်အပိုင်း ၂ နဲ့ ၃ က ရပ်ကွက်သူ ရပ်ကွက်သား ၂၀၀ လောက်ဟာ မြို့နယ်အားကစားကွင်းရှေ့မှာ ဒီကနေ့မှာ ဆန္ဒပြခဲ့ပါတယ်။

အရင်ကရှိခဲ့တဲ့ အားကစားကွင်းအတိုင်း သက်ဆိုင်ရာတွေက သက်မှတ်ပေးခြင်းမရှိပါက ဆက်ပြီးဆန္ဒပြသွားမှာ ဖြစ်တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ဦးဇော်ဝင်းက RFA ကို ပြောပါတယ်။

“လောလောဆယ် ကျနော်တို့က ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သဘောထားကိုညှိပြီးတော့ အားကစားကွင်းဆိုတဲ့ ဆိုင်းပုဒ်ကို တခါတည်းစိုက်ထူလိုက်ပါတယ်ခင်ဗျ၊ စိုက်ပြီးပြီတော့ ကျနော်တို့ ကြွေးကြော်လိုက်ပါတယ်၊ ဒီကွင်းကိုပြန်ပေးပါ၊ မပေးလို့ရှိရင် ရပ်ကွက်သူ ရပ်ကွက်သားရဲ့ ဆန္ဒသဘောထားနဲ့ ဒီ့ထက်မြင့်တဲ့ ဆန္ဒဖော်ထုတ်မှုတွေ ဆောင်ရွက်မယ်လို့ ကြွေးကြော်လိုက်ပါတယ်”

အဲဒီအားကစားကွင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်မြို့တော် စည်ပင်သာယာကနေ ဂရန်ရရှိပြီးနောက် စက်ရုံဆောက်ဖို့ဆိုကာ ခြံစည်းရိုးခတ်ထားတယ်လို့ သိရပါတယ်။ အဲဒီအားကစားကွင်းဟာ ၂ ဧကနီးပါးရှိပြီး ၂၀၀၂ ခုနှစ် မတ်လမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးထံ လွဲှပြောင်းပေးခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။