သည်းခံစိတ်လျော့ပါးမှု ဒီမိုကရေ စီပြုပြင်ရေးကို ထိခိုက်နိုင်ကြောင်း အမေရိကန် သတိပေး
2015.01.16

မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေးအရ အချင်းချင်း စိတ်ရှည်သည်းခံမှုနည်းပါးလာတဲ့ လက္ခဏာတွေ ကို မြင်တွေ့နေရပြီး ဒီအခြေနေတွေကြောင့် ဒီမိုကရေ စီပြုပြင် ပြောင်းလဲရေးကို ထိခိုက်စေနိုင်မယ့် အလား လာတွေ တွေ့မြင်နေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
၂ ရက်ကြာကျင်းပခဲ့တဲ့ အမေရိကန်မြန်မာ လူ့အခွင့်ရေးဆွေးနွေးအပြီး၊ မြန်မာနိုင်ငံခရီးစဉ် နောက် ဆုံးနေ့၊ ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အခု လို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ အမေရိကန်ဖက်က စိုးရိမ်တာကို ထုတ်ဖော်ဆွေးနွေးခဲ့ပါတယ်။ ဘာသာရေးကို အသုံးချပြီး လူတွေစိတ်ဝမ်းကွဲအောင် ခွဲတဲ့လုပ်ရပ်တွေ ဟာ နိုင်ငံရေး အကျိုးအမြတ်အတွက်ပဲဖြစ်ဖြစ် တခြားဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စဖြစ်ပြီး အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပမယ့်နှစ်မျိုးမှာ ပိုပြီးတောင် အန္တရာယ်ကြီးပါတယ်လို့ Mr. Malinoski က ပြောသွားတာပါ။
သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက အရပ်ဖက်သာမကဘဲ စစ်ဖက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ပါ ပွင့်ပွင့် လင်းလင်းဆွေးနွေးခွင့်ရခဲ့တာကိုလည်း မြန်မာဖက်ကို အသိမှတ်ပြုပြောကြားခဲ့ပါတယ်။
၂ ရက်ကြာဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံက မြေယာသိမ်းယူပြဿနာ၊ အိုးအိမ်စွန့်ပစ် ထွက်ပြေးခိုလှုံနေရတဲ့ IDP ဒုက္ခသည်တွေကို နိုင်ငံတကာအဖွဲ့ စည်းတွေက လွတ်လွတ်လပ်လပ် ဝင်ရောက်ကူညီခွင့်ပေးရေးကိစ္စ၊ မြန်မာ့ တပ်မတော်အနေနဲ့ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရပ်တည်နိုင်တဲ့ ခေတ်မီတပ်မတော် ဖြစ်လာရေးကိစ္စ၊ ရခိုင်ပြည် နယ်က ရိုဟင်ဂျာ မွတ်စလင်များအရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ အမေရိကန် လူ့အခွင့်ရေး ကိုယ်စားလှယ်အဖွဲ့ ရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေကို RFA အဖွဲ့သား ဦးကျော်မင်းထွန်းက ကောက်နှုတ်တင်ပြထား ပါတယ်။