သတင်းထောက်နှစ်ဦး ဖမ်းခံရမှု ပြတ်သားစွာ ရပ်တည်ပေးဖို့ ဂျပန်အစိုးရကို တောင်းဆို


2017.12.20
reuters-622.jpeg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ်
Photo: MPA and Kyaw Soe Oo Facebook

မြန်မာနိုင်ငံမှာ Reuters သတင်းထောက် နှစ်ဦးကို ဖမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ အခြေစိုက်၊ အစိုးရမဟုတ်တဲ့ အန်ဂျီအို လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Human Rights Now အဖွဲ့က ဂျပန်အစိုးရကို ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အင်္ဂါနေ့ကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က သတင်းထောက်တွေ ပြန်လွှတ်ပေးဖို့ မတောင်းဆိုပေမယ့် သတင်းလွတ်လပ်ခွင့်ဟာ အလွန်အေရးကြီးကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။

Human Rights Now အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အဆိုအရ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး မိမိတို့အနေနဲ့ အပြည်ပြည်ဆိုင်ရာနဲ့ ပူးပေါင်းအရေးဆိုဖို့ အစီအစဉ် မရှိပေမယ့် ဂျပန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားပြောဆိုဖို့ လိုလားတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်တစ်စုံတရာမပေးပါဘူး။

အလားတူဘဲ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားတာ တပတ်ကျော်သွားပြီဖြစ်ပြီး ဒီဖမ်းဆီးမှုဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိသလို၊ ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရဘဲ ပျောက်ဆုံးနေတဲ့အပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။