ဒီမိုကရေစီလမ်းစဉ်ကို ပြောင်းလဲဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ တိုက်တွန်း


2013.09.21
ukhinaungmyint-305.jpg အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ပုံ
Photo: RFA

ဒီနေ့အချိန်ဟာ နှစ်ပေါင်များစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ကိုရပ်စဲပြီး လက်နက်ကိုင်လမ်းစဉ်ကို ဒီမိုကရေစီ လမ်းစဉ်နဲ့ ပြောင်းလဲဖို့အချိန်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အခုလို ပြောခဲ့တာပါ။

"လက်နက်ကိုင်လမ်းစဉ်ကို ဒီမိုကရေစီလမ်းစဉ်နဲ့ လဲဖို့ပါ၊ ဒီမိုကရေစီလမ်းစဉ်ဆိုတာ နှစ်ဖက်ဒွန်တွဲပြီး ညှိနှိုင်းတိုင်ပင်ကြပြီးတော့ တစ်နိုင်ငံလုံးအတွက် အကောင်းဆုံးအဖြေ၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ကြတဲ့အခါမှာ ပြည်သူလူထုအပေါ်မှာ မူတည်ပါ တယ်၊ ပြည်သူလူထုကသာ ငြိမ်းချမ်းရေးကို အမှန်တကယ် ပြင်းပြသောဆန္ဒနဲ့ ဆောင်ရွက်မယ်ဆိုရင် မကြာခင်ကာလအတွင်းမှာ ငြိမ်းချမ်းသွားမှာပါ”

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီက ငွေကျပ်သိန်း ၆၀၀ နဲ့ အသုံးအဆောင်ပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၈၀၀ ကျော်ကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီးကတဆင့် လှူဒါန်းခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ မနက်ဖြန်မှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။