ပန်းချီ ဦးခင်မောင်ရင် ဈာပန ရန်ကုန်မှာကျင်းပ


2014.06.12
khinmaungyin-305 မြန်မာပန်းချီဆရာ ဦးခင်မောင်ရင်ပုံ
Photo: Kyaw Zwa Tun Thein

ပန်းချီဆရာ ဦးခင်မောင်ရင် အသက် (၇၆) နှစ်ရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လည် ၂ နာရီမှာ ရေဝေး သုဿန်မှာ ဂူသွင်းသြင်္ဂိုဟ်ခဲ့ပါတယ်။

ဗိသုကာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ၊ ကျောင်းဆရာအဖြစ် ထင်ပေါ်ကျော်ကြားသူ ဆရာကြီး ဦးခင်မောင်ရင်ဟာ ပန်းချီကားရေးဆွဲရာမှာ ပုံတူရုပ်တွေကို ဆွဲတာထက် လူတွေရဲ့ မှတ်မိနိုင်မယ့် သရုပ်ကို အဓိကထားရေးဆွဲ သူဖြစ်တယ်လို့ ညီမဖြစ်သူ ဒေါ်သင်းသင်းက ပြော ပါတယ်။

"ပန်းချီမှာ သူအရမ်းတော်တယ်၊ သူက မျက်စိမှိတ် ပြီးတော့တောင် ရေးနိုင်တယ်လို့ထင်တယ် ၊ လျှောက်ခြစ်လိုက်တဲ့အခါ ချက်ခြင်းပုံထွက်တယ်၊ ပုံတူတော့မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါကြည့်လိုက်ရင် ဒီလူရဲ့ပုံဆိုတာသိတယ်၊ ပုံတူဆွဲတာမဟုတ်ဘူး၊ တစ်နေရာက အပိုင်ဖမ်းထားတာ"

ဗိသုကာပညာရပ်၊ မော်ဒန်ပန်းချီလှုပ်ရှားမှုနှင့် အင်္ဂလိပ်စာသင်ဆရာအဖြစ် နေထိုင်သွားခဲ့သူ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ဟာ နေထိုင်မှုမှာ ရိုးရှင်းသူအဖြစ် နာမည်ကျော်သူဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ရှိနေစဉ်အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေအများအပြားကို ရေးဆွဲခဲ့တဲ့အတွက် နာမည်ကြီး ပန်းချီဆရာဖြစ်ပါတယ်။

ဒီနေ့  ဦးခင်မောင်ရင်ရဲ့ ဈာပန အခမ်းအနားကို သူနဲ့ခေတ်ပြိုင် သူငယ်ချင်းတွေလည်းဖြစ်တဲ့  ဒါရိုက်တာ ပန်းချီဆရာ ဦးဝင်းဖေ၊ စာရေးဆရာ ဦးမိုးသူတို့နဲ့  လူပုဂ္ဂိုလ်တစ်ရာကျော်လောက် တက်ရောက်ဂါရဝပြုကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင်ပေးပို့ထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။