ပန်းချီဆရာကြီး ဦးခင်မောင်ရင် ကွယ်လွန်
2014.06.10

မြန်မာနိုင်ငံ အနုပညာလောကမှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင် ဟာ ဇွန်လ (၁၀) ရက်၊ အင်္ဂါနေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ လည်ချောင်းကင်ဆာရောဂါနဲ့ အသက် (၇၆) နှစ်မှာ ကွယ်လွန်ခဲ့တာပါ။
မြန်မာ့ခေတ်သစ်ပန်းချီကို ဦးဆောင်ခဲ့တဲ့သူတစ်ဦးဖြစ် ပြီး၊ ပေါ်ဦးသက်၊ ဝင်းဖေ၊ ပန်းချီအောင်စိုးတို့နဲ့ ခေတ် ပြိုင်ဖြစ်ပါတယ်။
ဦးခင်မောင်ရင်ဟာ ရန်ကုန်စက်မှုတက္ကသိုလ် RIT ပထမဆုံးအသုတ်ကျောင်းသားဖြစ်ပြီး ဗိသုကာ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့ကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒက်ကာဘူတာရုံနှင့် မြန်မာနိုင်ငံ ပုဂံမြို့က သဇင်ဟိုတယ်တို့ဟာ ဦးခင်မောင်ရင် ဒီဇိုင်းပုံစံ ထုတ်ခဲ့တဲ့ အဆောက်အဦတွေဖြစ်ပါတယ်။
ပန်းချီ ဦးခင်မောင်ရင်ဟာ ရုပ်ရှင် ဒါရိုက်တာအဖြစ် နဲ့လည်း နှစ်မလက်လျှော့နေလေတော့နဲ့ ဘမှန် ဘဇံ အကြောင်းဆိုတဲ့ ရုပ်ရှင်ကားနှစ်ကား ရိုက်ကူးခဲ့ပါတယ်။
ဦးခင်မောင်ရင်ဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ အများအပြားရေးဆွဲခဲ့ပါတယ်။ ဦးခင်မောင်ရင်ရဲ့ ပန်းချီကားတွေဟာ ပြည်တွင်းဈေးကွက်မှာသာမက၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာပါ ဝယ်ယူစုဆောင်းသူ များပြားနေပါတယ်။