ရွေးကောက်ပွဲစနစ်သစ် အကောင် အထည်ဖော်သင့်ကြောင်း စာရေး ဆရာဦးကျော်ဝင်း ဟောပြော


2014.10.11
u-kyaw-win-305 စာရေးဆရာ ဦးကျော်ဝင်းကို တွေ့ရစဉ်
Photo: RFA

နိုင်ငံရေး အကျပ်အတည်းတွေ နောက်ထပ်ဖြစ်မလာစေ ဖို့ ရွေးကောက်ပွဲစနစ်သစ်ကို အကောင်အထည်ဖော် သင့်ကြောင်း နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာကျော်ဝင်းက ပြောပါတယ်။

ဒီကနေ့ မန္တလေးမြို့ ဓမ္မသာလခမ်းမမှာကျင်းပတဲ့ PR အချိုးကျကိုယ်စားပြုစနစ်အကြောင်း ဟောပြော ပွဲအပြီးမှာ RFA ကို သူက အဲဒီလိုပြောခဲ့တာပါ။

"လက်ရှိ FPTP အတိုင်း ဆက်သွားလို့ရှိရင် လက်ရှိ အပြောင်းအလဲ ကတိမ်းကပါးဖြစ်သွားစရာ အလားအလာတွေ တော်တော်များတယ်၊ PR စနစ် ဆိုရင်ရော ဘယ်လိုဖြစ်မလဲ၊ မသေချာဘူး၊ ဘာကြောင့်လဲဆိုတော့ PR က တခါမှမကျင့်သုံးဖူး တာ ကိုးဗျ၊ ဒါပေမဲ့ PR ဆိုရင်တော့ အထိုက်လျောက် ထိန်းနိုင်သိမ်းနိုင်မလားလို့ မျှော်လင့်စရာရှိတယ်၊ ဒါပေမဲ့ ကျနော် PR ကို လုပ်ပါလို့ မတိုက်တွန်းဘူး၊ FPTP ကို လုပ်ပါလို့လည်း မတိုက်တွန်းဘူး၊ ဘာကြောင့်လဲဆိုတော့ FPTP ရဲ့ အားနည်းချက်ကြောင့် ကျနော်တို့ တိုင်းပြည်မှာ ခဏခဏပြဿနာတွေတက်ခဲ့တယ်၊ PR ရွေးကောက်ပွဲစနစ် ကို အကြောင်းခံပြီး နောက်ထပ်နိုင်ငံရေး အကျပ်အတည်းတစ်ခု မဖြစ်စေချင်လို့ ဒါကြောင့်မို့ နှစ်ဖက် သဘောတူနိုင်မယ့်ဟာကို ပေါင်းစပ်လုပ်ပါလို့ အကြံပြုပါတယ်"

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ နိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FPTP စနစ်ကို ကျင့်သုံးခဲ့တဲ့အတွက် မြန်မာ့ နိုင်ငံရေးမှာ အကျပ်အတည်းတွေ ရှိခဲ့ကြောင်း၊ PR စနစ် ကျင့်သုံးမယ်ဆိုရင်တော့ အထိုက်အလျောက်ထိန်းနိုင်မယ် လို့ ယူဆကြောင်းလည်း ဦးကျော်ဝင်းက ပြောပါတယ်။

အဲဒီဟောပြောပွဲမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးသုဝေ၊ ဦးကျော်ဝင်းနဲ့ အမျုးိသားဒီမိုကရေစီအင်အားစုပါတီ က ဒေါ်ခင်ဝိုင်းကြည် တို့ပါဝင်ဟောပြောခဲ့ပါတယ်။

ဒီဟောပြောပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။