ထိန်းသိမ်းခံဝန်ထမ်း လွတ်မြောက်ရေး ကုလနှင့် NGO ကြိုးပမ်းနေ

ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တွေ အတွင်း သူတို့ရဲ့ဝန်ထမ်းတချို့ကို အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနဲ့ သူတို့ အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူ အညီ ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြော လိုက်ပါတယ်။

2012.06.29

Doctors Without Borders ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဝန်ထမ်း ၆ ဦး အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီဝန်ထမ်း ၆ ဦးလောက် ဖမ်းဆီးထိန်းသိမ်းခံ ထားရတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီ ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကြောင့် ဒုက္ခ ရောက်နေသူတွေကို စားနပ်ရိက္ခာ အကူအညီ ပေးနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တစ်ဦး ပြန်လွတ်လာကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရတယ်လို့လည်း ပြောပါတယ်။ သူတို့ အားလုံးကို ဘယ်လို အကြောင်းနဲ့ ဖမ်းဆီးထားသလဲ ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အရေးပေါ်ဥပဒေ ထုတ်ပြန်ခဲ့ပြီး ချိန်ကတည်းက အစိုးရ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးတွေက လိုက်လံ စုံစမ်းမှုတွေ ဆက်တိုက် ပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။