မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခြင်းမရှိလို့ Politico ဖော်ပြ


2018.08.11
politico-office-622.jpg အမေရိကန်နိုင်ငံ ဝါရှင်တန်မှာထုတ်ဝေတဲ့ Politico သတင်းမဂ္ဂဇင်း ရုံးခန်းကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: AP /Jacquelyn Martin

အမေရိကန်အစိုးရအာဏာပိုင်တွေအနေနဲ့  မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တင်းတင်း ကြပ်ကြပ် လိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ ဝါရှင်တန်မှာထုတ်ဝေတဲ့ Politico သတင်းမဂ္ဂဇင်းက ရေးသားဖော်ပြလိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားအရဆိုတဲ့ အကြောင်းပြချက်အခြေခံတွေနဲ့ မြန်မာ့တပ်မတော်က လက်ရှိခေါင်းဆောင်းတွေနဲ့ အရင်ခေါင်းဆောင်တွေရဲ့ သားသမီးတွေကို အမေရိကန်ပြည်ထောင်စုကို ဝင်ရောက် ခွင့်ပေးတာတွေ ရှိခဲ့ကြောင်း မဂ္ဂဇင်းက ရရှိထားတဲ့ နိုင်ငံခြားရေးဌာန အစီအရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒီအစီအရင်ခံစာအရ အမေရိကန်နိုင်ငံရဲ့ အမျိုးသာအကျိုးစီးပွားအကြောင်းပြချက်နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်က ဗိုလ်မှူးချုပ်တစ်ဦးရဲ့ သားကို ဗီဇာထုတ်ပေးခဲ့သလို အငြိမ်းစား ဗိုလ်မှူးချုပ်တစ်ဦးရဲ့ သမီးဖြစ်သူ ကိုလည်း ဗီဇာထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ့တပ်မတော်အပေါ် အမေရိကန်ပြည်ထောင်စုက မနှစ်က ပြစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေရှိခဲ့ရာမှာ တပ်မတော်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေကို ခရီးသွားလာခွင့်ပိတ်ပင်တာတွေ ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။