ဦးဝင်းအောင် ကို ပိတ်ဆို့စာရင်းကနေ ပယ်ဖျက်


2015.04.23

အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံစာရင်းထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း ဥက္ကဌဟောင်း ဦးဝင်းအောင်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းထဲကနေ ပယ်ဖျက်လိုက်ကြောင်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဦးဝင်းအောင်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ဆို့အရေးယူထားတဲ့စာရင်းထဲက ပယ်ဖျက်လိုက်ကြောင်း၊ အခုလို ပယ်ဖျက်ဖို့ဆုံးဖြတ်တာဟာ ပိတ်ဆို့ခံရသူ ပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းတွေရဲ့ လုပ်ရပ်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်တာဖြစ်ကြောင်းလည်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒါပေမဲ့ ဘာကြောင့် ပယ်ဖျက်ဖို့ဆုံးဖြတ်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖေါ်ပြမထားပါဘူး။

အမေရိကန်သံတမန်တွေရဲ့ လျို့ဝှက်အတွင်းရေးကိစ္စတွေကို ဖွင့်ချခဲ့တဲ့ ဝိကီလိခ်ကတော့ ဦးဝင်းအောင်ဟာ ထိန်းသိမ်းကာကွယ်ခဲ့စာရင်းဝင် နယ်မြေတွေထဲက သစ်တွေကို တရုတ်ပြည်ကို တင်ပို့ခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဦးဝင်းအောင်ရဲ့ ဒဂုန်အင်တာနေရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၉ နှစ်က နေပြည်တော် တည်ဆာက်ရေးအတွက် လုပ်ကိုင်ခွင့် ကန်ထရိုက်တွေ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။