အကျဉ်းသားမလွှတ်ရင် မူဝါဒ မပြောင်းနိုင်ကြောင်း ဂျွန်မက်ကိန်းပြော

အမေရိကန်အစိုးရက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ရုပ်သိမ်း ဖို့ ကိစ္စဟာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအပေါ် မူတည်နေကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

2011.06.03

နိုင်ငံရေးအကျဉ်းသားဟောင်း ၆ ယောက်နဲ့ ဇွန်လ ၂ ရက်နေ့က တွေ့တဲ့အခါမှာ မစ္စတာမက်ကိန်းက ပြန် ပြောပြတာပါ။ မစ္စတာမက်ကိန်းနဲ့ တွေ့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းက RFA ကို အခုလို ပြောပါတယ်။

“သူတို့ ဒဏ်ခတ် အရေးယူတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ စဉ်းစားဖို့ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရမယ်ဆိုတဲ့ အခြေအနေကို သူက ဦးစားပေးပြီး ထည့်ပြောတာပါ။ နောက် သူကိုယ်တိုင်လည်း ပါးစပ်နဲ့ မဟုတ်ဘဲ စာနဲ့ပေနဲ့ ရေးပြီးတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေများကို တိုးတက်နိုင်ရန်အတွက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့က လူတွေ ဝင်ခွင့်ပြုဖို့ ကိစ္စကိုလည်း တရားဝင် ထပ်ပြောပါအုံးမယ်ဆိုပြီး အဲဒီနှစ်ခုကို သေသေချာချာ ပြောသွားတယ်”

မစ္စတာမက်ကိန်းနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းနဲ့ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ကိုဇေယျာသော်၊ ဦးဇော်ညွန့်နဲ့ နော်အုန်းလှတို့ ဖြစ်ပါတယ်။

မစ္စတာမက်ကိန်းဟာ ဇွန်လ ၂ ရက်နေ့ မနက်ကလည်း ထင်ရှားတဲ့ လူမှုရေးဆောင်ရွက်သူတွေ ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း ရုံးခန်းနဲ့ မဖြူဖြူသင်း ဦးစီးဆောင်ရွက်နေတဲ့ HIV/ AIDS ဝေဒနာသည် စောင့်ရှောက်ရေးဂေဟာကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့သူတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-03 00:31

No point hust meeting,talking. they will not buy it. What is your next move?

Anonymous
2011-06-03 00:32

If it is just lip services and remained status quo, they will be more than happy to stay put.