အမေရိကန် ပိတ်ဆို့ဒဏ်ခတ် မှုတွေ များများစားစား ပြောင်းလဲ ဘွယ်မမြင်


2015.12.01
scot-marciel-620.jpg မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်မည့် Scot Marciel ကို တွေ့ရစဉ်
Photo: US State Department

မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲတစ်ရပ် အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပေမယ့်  အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကတော့ ကြီးကြီးကျယ်ကျယ်ပြောင်းလဲသွားဘွယ် မမြင်ဘူးလို့ ရှေ့နှစ်ခန့် အပ်မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သမ္မတ အိုဘားမားက ရွေးချယ်ထားသူ  Mr Scot Marciel   က ပြောကြားလိုက်ပါတယ်။

သူဟာ လောလောဆယ်မှာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းခဲ့ဘူးသူဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘာမှအပြောင်းအလဲ မမျှော်လင့်သလို ပြောင်း လဲပေးဖို့ ထောက်ခံတင်ပြစရာလည်း မမြင်မိသေးဘူးလို့  ပြောပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေဆိုတာ ရည်မှန်းမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ပေါ်ထွက်လာရေးအတွက် အထောက်အကူ အင်မတန်ဖြစ် တယ်လို့လည်း သူကပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။