ကော်မရှင် ဥက္ကဌ ဦးတင်အေး မဲစာရင်းအခြေအနေ လိုက်လံ ကြည့်ရှု


2015.09.19
tinaye-voter-lists-620.jpg ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေက မဲစာရင်းကပ်ထားတဲ့ အုပ်ချုပ်ရေးရုံးတွေကို စက်တင်ဘာလ ၁၉ ရက်နေ့က လိုက်လံကြည့်ရှုစဉ်
Photo: Win Ko Ko Latt/RFA

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေက မဲစာရင်းကပ်ထားတဲ့ အုပ်ချုပ်ရေးရုံးတွေကို ဒီကနေ့ လိုက်လံကြည့်ရှု ခဲ့ပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို ကွန်ပျူတာစနစ်နဲ့ ပြန်စီလိုက်တဲ့အခါမှာ မဲစာရင်းရှာဖို့ ခက်ခဲမှုတချို့ ဖြစ်ပေါ်ခဲ့တာကို သွားရောက်စစ်ဆေးတာလို့ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

"ကျနော်တို့ကျတော့ ကွန်ပျူတာထဲထည့်ရတဲ့အခါကျတော့ ဒေါ်ဆိုတာ တီ ကစလာတယ်လေ၊ ဦးဆိုတော့ ယူ ကစတယ်၊ အဲ့လိုမျိုးတွေဖြစ်ကုန်တာတွေ ရှိတာကျတော့ ကျနော်တို့က ဒါကိုလူထုကို ကြိုပညာပေးတာပေါ့ အဲ့ဒီလိုမျိုး၊ ကျနော်တို့ မပေးလိုက်မိဘူးဗျ မပေးလိုက်မိဘူးဆိုတော့ ကွန်ပျူတာ ဒီလိုလုပ်ထားတယ်ဆိုတာ အခုမှသိရတယ်လေ၊ သိရတဲ့အခါကျတော့ လူထုအခက်အခဲရှိတယ်၊ ဘာကြောင့်အခက်အခဲရှိသလဲ ကျနော်မေးတာ၊ မေးတော့ ဒီလိုတွေကြောင့် ကွန်ပျူတာမှာ ဒီလိုလုပ်ထားတယ် အခက်အခဲရှိတယ်၊ အဲ့လိုဆိုရင် ပညာပေးမှရမယ်"

နေရာအနှံ့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအမှားအယွင်းတွေ များနေတာဟာ ရွေးကောက်ပွဲကော်မရှင်က အသုံးပြုနေတဲ့ ဆော့ဖ်ဝဲလ် အမှားအယွင်းကြောင့်ဆိုပြီး အောက်ခြေ ရွေးကောက်ပွဲကော်မရှင် အရာရှိတွေက အာအက်ဖ်အေကို ပြောပါတယ်။

နေပြည်တော် ကောင်စီနယ်မြေမှာ လူဦးရေ တစ်သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ခြောက်သိန်း ခုနှစ်သောင်းကျော် ရှိပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။