လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဦးဝင်းတင်ဆု ထပ်တိုးမည်


2014.06.03
freedom-movies-show-305.jpg ရန်ကုန်မြို့၊ Junction Square က ရုပ်ရှင်ရုံမှာ ဇွန်လ ၁၆ ရက်နေ့ကစတင်ပြသတဲ့ "လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ" Human Rights and Dignity နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုတွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

ဒုတိယအကြိမ်မြောက် ကျင်းပမယ့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ အရင်နှစ်က ချီးမြှင့်ပေး ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆု၊ ကိုမင်းကိုနိုင်ဆုတို့ အပြင် ဒီနှစ်မှာ ဟံသာဝတီဦးဝင်းတင်ဆုကို ထပ်တိုး ချီးမြှင့်သွားမယ်လို့  ရုပ်ရှင်ပွဲတော်စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့က ကွယ်လွန်သွားပြီဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ဟာ သူ့ရဲ့နောက်ဆုံးအချိန်ထိ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်တာကြောင့် ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုပြီး ဆုချီးမြှင့်မှာဖြစ်တယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

"ဘဘ ဟံသာဝတီ ဦးဝင်းတင်ကလည်း သူ့ဘဝတစ်လျှောက်လုံး ဒီလူ့အခွင့်အရေး၊ ဒီလူ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ပတ်သက်တဲ့  လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းပေါ့၊ ဒါကြောင့် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို စတင်ပြီးတော့ ရွေးချယ်ချီးမြှင့်မှာပါ"

ရန်ကုန်မြို့ Junction Square နဲ့ ဝဇီရာရုပ်ရှင်ရုံတို့မှာ လာမယ့် ဇွန်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပြသ မယ့် ပြည်တွင်းရုပ်ရှင်ဇာတ်ကား ၂၇ ကားထဲက ဟံသာဝတီ ဦးဝင်းတင်ဆုအတွက် ဒါရိုက်တာ ဦးဝင်းဖေ၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Jane M Ferguson နဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့က အကဲဖြတ်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြည်တွင်း ရုပ်ရှင် ဇာတ်ကား ၃၂ ကား၊ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကား ၃၄ ကားပြသမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။