ဦးဝင်းတင် ဖောင်ဒေးရှင်း ကိုပါကြီး မိသားစုကိုပါ ငွေကြေးထောက်ပံ့


2014.11.12
uwintin-305 ယူနတီဂျာနယ်က သတင်းသမား ၅ ဦးနဲ့ ကန့်ဘလူမြို့နယ်က အကျဉ်းကျခံနေရတဲ့ လယ်သမား ၅၆ ဦးကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက စက်တင်ဘာလ ၁၂ ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ ထောက်ပံ့ငွေပေးအပ်စဉ်
Photo: Kyaw Zaw Win / RFA

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရန်ကုန် မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပရာ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်၊ မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ ဦး၊ မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်း နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၂ဝ ကျော်တို့အတွက် စုစုပေါင်းငွေကျပ် ၅၇ သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ကိုပါကြီးအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း က သူ့ရဲ့မိသားစုဝင်တွေကို ငွေကျပ် ၃ သိန်း ထောက် ပံ့ပေးခဲ့တယ်လို့ ဖောင်းဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

"ဒီတစ်ပတ်တော့ ထူးခြားတာဟာ ဟိုတုန်းကလည်း ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှှုတွေကြောင့် သေဆုံးသွား တဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိခဲ့တယ်လေ၊ အဲ့ဒီတုန်းကတော့ ကျနော်တို့က မပေးနိုင်ခဲ့ဘူးပေါ့နော် ၊ ကျနော်တို့ ဖောင်ဒေးရှင်းလုပ်ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖမ်းခံရစဉ်မှာ အသတ်ခံရတာပေါ့နော်၊ တနည်းနည်းနဲ့ပေါ့ အသတ်အဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တယ်၊ ဒါကြောင့် သူ့ကိုတော့ထိပ်ဆုံးက ဦးစားပေးပြီးတော့ ပေးမယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ၈ ရက်နေ့က ဆုံးဖြတ်တယ်"

ကိုပါကြီးအတွက် ထောက်ပံ့ငွေကို သူ့ရဲ့ ဇနီးဖြစ်သူ မသန္တာက တက်ရောက်လက်ခံခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ ထောင်ကျခံနေရတဲ့ သတင်းသမားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ၂ လတစ်ကြိမ် အလှည့်ကျထောက်ပံ့ငွေ ပေးအပ်နေတာဖြစ်ပါတယ်။

ဒီနေ့ထောက်ပံ့မှုအပါအဝင် ဖောင်ဒေးရှင်းက စုစုပေါင်း ငွေကျပ်သိန်း ၁၄ဝဝ ကျော်ထောက်ပံ့ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။