အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း
2013.01.28
နှစ်ဖက် စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
UWSA အဖွဲ့က ပေးပို့တဲ့ အဆိုပြုလွှာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ KIO အဖွဲ့တွေထံ ဇန်နဝါရီလ ၂၄ရက်နေ့က ပေးပို့လိုက်တာ ဖြစ်တယ်လို့ UWSA အဖွဲ့က ပြောခွင့်ရ ဦးအောင်မြင့် ကပြောပါတယ်။
KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကို တစ်ဖွဲ့ချင်းမဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရဖက်ကို အကြောင်းပြန်ထားပါတယ်။
အဲဒီအချက်အပေါ် UWSA အနေနဲ့မူအားဖြင့် သဘောတူပေမယ့် UNFC ဟာ ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခု ဖြစ်နေတာကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမယ့်ကိစ္စကို မလိုလားကြောင်း မိမိပြည်တွင်းရေး ကိစ္စကို ပြည်တွင်းမှာသာ ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါတယ်။
UWSA နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |