မဲစာရင်း ပြဿနာစုံ မြို့နယ်ပေါင်းစုံ ကြုံတွေ့ရ
2012.03.15

အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ခနာရွာ ကျေးရွာအုပ်ချုပ်ရေးမှူးကို မဲစာရင်း မကပ်သေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ သွားမေးတဲ့အခါ မြို့နယ်က ညွှန်ကြားချက် မရသေးဘူးလို့ ဖြေကြားကြောင်း ရွာသားတစ်ဦးက ပြောပါတယ်။
အထုံကျေးရွာ အုပ်စုမှာ ညောင်ပင်ကန်၊ ညောင်တပင်၊ ကမ်းမြှောင်၊ ခနာ၊ ခနီး၊ ခဲနန် စတဲ့ ကျေးရွာတွေ ပါတယ်လို့ ဆိုပါတယ်။ မဲစာရင်း ကပ်ထားမှ ဘယ်သူတွေ ဘယ်မဲရုံ သွားရမယ်၊ ကိုယ့်အမည်စာရင်း ပါမပါ စတာတွေ ကြိုတင်သိနိုင်မှာမို့ အချိန်မီ သိချင်နေကြတယ်လို့ ပြောပါတယ်။
အလားတူ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှာလည်း မဲစာရင်းတွေ ကွာဟနေပြီး အမှားအယွင်းတွေ ရှိနေတယ်လို့ မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးတင်ကိုက ပြောပါတယ်။ မဲဆန္ဒရှင်စာရင်း ၅၀၀၀ ကျော် ကွာဟနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခုချိန်ထိ မဲစာရင်းအပြည့်အစုံ မိတ္တူကူးခွင့် မရသေးဘူးလို့လည်း အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ပြီး ကြိုတင်မဲတွေနဲ့ ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။ ခုလာမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိလျက် မဲမပေးရမှာ စိုးရိမ်တယ်လို့လည်း မဲစာရင်းမှာ စာရင်းပါမလာသူတွေနဲ့ မဲစာရင်း လွဲချော်မှားယွင်းနေတာတွေကို ထောက်ပြသူတွေက ပြောကြပါတယ်။
အလားတူဧရာဝတီ တိုင်းအတွင်းက မဲဆန္ဒရှင်စာရင်းတွေမှာလည်းပြဿနာတွေ ကြုံတွေ့နေရပါတယ် အာအက်ဖ်အေ သတင်းထောက် ကိုသူရိန်စိုးက တင်ပြပါလိမ့်မယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |
ကချင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်မြေတချို့ကို လုံခြုံရေးအရ ဖျက်သိမ်းတယ်လို့ သတင်းရရှိပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုရဲထက်က သတင်းပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |
မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်မြေတွေမှာ ရင်ဆိုင်နေရတဲ့ မဲဆန္ဒရှင်စာရင်းများနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေတွေအကြောင်း ပါတီအောင်နိုင်ရေးမန်နေဂျာ ဦးဉာဏ်ဝင်းကို အာအက်ဖ်အေအဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |