ဝဒေသငြိမ်းချမ်းရေးအတွက် လက်နက်မစွန့်နိုင်ကြောင်း ဝ ဥက္ကဋ္ဌ ပြောဆို
2011.03.21

UWSA ဌာနချုပ် ပန်ဆန်းမှာ ၅ ရက် ကြာကျင်းပတဲ့ နှစ်ချုပ် အစည်းအဝေးမှာ ဌာနပေါင်းစုံ ၂၇ ခုက တာဝန်ရှိသူ ၃၀၀ ကျော် တက်ရောက်ပြီး ဌာနအလိုက် ၂၀၁၀ ခုနှစ်အတွင်း ဆောင်ရွက်ချက်တွေကို တင်ပြ အစီရင်ခံတာ ဖြစ်ပါတယ်၊ အစည်းအဝေး နိဂုံချုပ်မှာ UWSP ဥက္ကဋ္ဌက ဝ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ ပြည်နယ်အေးချမ်းရေးအတွက် လက်နက်မစွန့်နိုင်ဘူးလို့ ပြောဆိုလိုက်တာပါ။
ဥက္ကဋ္ဌရဲ့ ပြောဆိုချက်ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူတဲ့ အချိန်ကတည်းက ထားရှိတဲ့ UWSA ရဲ့ မူပဲ ဖြစ်တယ်လို့ UWSP တာဝန်ရှိသူတဦးက RFA ကို ပြောပါတယ်။
“၈၉ ခုနှစ်က ခင်ညွန့်နဲ့ စတွေ့ကတည်းက ဦးပေါက်ယူချမ်းက ဒီစကား ပြောလာခဲ့တာ ကနေ့ ဒီအသုံးအနှုန်း၊ ဒီစကားလုံး၊ ဒီဆောင်ပုဒ်၊ ဒီမူကို ကျွန်တော်တို့ ဒီကနေ့အထိ စွဲကိုင်နေတုန်းပဲလေ။ ကျည်တတောင့်၊ လက်နက်တလက် မအပ်ဖူး။ နယ်မြေတလက်မ တလက်မမှ မဖယ်ဘူး။ မဖယ်ပေးဘူးပေါ့။ အစိုးရက နယ်မြေ ဖယ်ခိုင်းတယ်၊ လက်နက် အပ်ခိုင်းတယ်ဆို ကျွန်တော်တို့ လုံးဝ လက်မခံဘူးပေါ့။”
ဥက္ကဋ္ဌရဲ့ နိဂုံးချုပ် မိန့်ခွန်းမှာ ဝ ပြည်သူတွေနဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်တို့ တသားတည်းကျဖို့ အတွင်းပိုင်း စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ ဆောက်တည်ဖို့ ပြောဆိုခဲ့သလို ၂၀၁၀ ခုနှစ်က အောင်မြင်မှုမျိုးများကို ထိန်းပြီး ၂၀၁၁ ခုနှစ်မှာ ဆက်လက် ဆောင်ရွက်မဲ့ ငါးနှစ် စီမံကိန်းကို အောင်မြင်အောင် အင်နဲ့ အားနဲ့ ကြိုးပမ်းကြဖို့ ပြောဆိုသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
အခု ကျင်းပတဲ့ အစည်းအဝေးမှာ စစ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ မလုပ်ပေမဲ့ UWSA ဟာ စစ်အစိုးရ ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတာကြောင့် စစ်အစိုးရရဲ့ပိတ်ဆို့မူတွေ ခံနေရတာကို အားလုံး သိရှိပြီး ဖြစ်တယ်လို့ ဝ တာဝန်ရှိသူတဦးက RFA ကို ပြောဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |