ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်သွားခွင့် ပိတ်ပင်ခံရ
2015.08.07

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီက သူမကို မြန်မာအစိုးရက ရခိုင်ပြည်နယ်သွားရောက်ခွင့် ပိတ်ပင် ခဲ့ကြောင်းနဲ့ မြန်မာပြည် မှာ ၁ဝ ရက်ကြာ နေထိုင်ခွင့်တောင်းခံခဲ့တာကိုလည်း ၅ ရက်ပဲခွင့်ပြုခဲ့ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဒ့ါအပြင် ယန်ဟီးလီက မြန်မာပြည်ကို သူမ အရင်ကလာရောက် တဲ့ ခရီးစဉ်တွေမှာ တွေ့ဆုံခဲ့သူတွေကို အစိုးရက မေးမြန်းစောင့်ကြည့်တာတွေရှိတယ်လို့ သိရကြောင်း၊ အခုခရီးစဉ် မှာလည်း သူတွေ့ချင်သူတွေကို အစိုးရက တွေ့ဆုံခွင့်ပိတ်ပင်တာတွေ၊ ကြိုတင်အသိပေးခြင်းမရှိပဲ တွေ့ဆုံချိန်အနီးကပ်ပြီး မှ အကြောင်းတစုံတရာမပြပဲ ဖျက်သိမ်း လိုက်တာတွေရှိကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်ချုပ်ချယ် မှုတွေရှိနေကြောင်း ပြောပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က လက်ရှိမှာ မြန်မာပြည်တဝှမ်း အင်မတန်ကြီး မားတဲ့ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာကို မိမိ နားလည်ခံစားနိုင်ပါတယ်၊ ဒါပေမယ့် အခုလို မိမိအပေါ်ရန်သူသဖွယ် ဆက်ဆံတာ ကိုတော့ မျှော်လင့်ထားခဲ့ခြင်းမရှိပါဖူးလို့ မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအများအပြားကို လာမယ့် နိုဝင် ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုမှာ မဟုတ်ဖူးလို့ ကြားသိရကြောင်း ဒါဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံ မှု ဖြစ်ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း စသဖြင့် ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။