ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန်

ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။

2011.10.12
zaganar-released ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာကို မြစ်ကြီးနား အကျဉ်းထောင်ဘူးဝတွင် တွေ့မြင်ရစဉ်။ zaganar family album
zaganar family album

“မနေ့တုန်းကထိတော့ ပြောင်းလဲတယ်လို့ ကျနော့်စိတ်ထဲမှာ ယေဘုယျ နည်းနည်းလေး စိတ်ထဲ ထင်မိတယ်ပေါ့နော် ။ ဒီကနေ့ မနက်ကျတော့ ဟုတ်ရော ဟုတ်ရဲ့လားလို့ သံသယ ပြန်ဝင်သွားတယ်။ ပြောင်းလဲတာမှ ဟုတ်ရဲ့လား မပြောင်းလဲသေးဘူး ထင်မိတာက ကျနော်တို့ သူငယ်ချင်းတွေ လွတ်မလာဘဲ ကျနော်တို့ လူနည်းနည်းလေး မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့”

အခုလို လွတ်မြောက်လာပြီ ဖြစ်တာကြောင့် သူ့အနေနဲ့ ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားမယ် ဆိုတာကိုလဲ ကိုဇာဂနာက ရှင်းပြပါတယ်။

“ကျနော်ရည်စူး ထားတာကတော့ ကျနော်တို့ ၈၈ တုန်းကတည်းက လမ်းပေါ်ထွက်ခဲ့တယ် ဆိုတာ လမ်းပေါ်နိုင်ငံရေးလို့ပဲ ပြောပြော Activist လို့ပဲပြောပြော အပျင်းပြေ ထွက်ခဲ့ကြတာမှ မဟုတ်ဘဲ၊ ပါတီစုံ ဒီမိုကရေစီ ရရှိရေးဆိုပြီး တောင်းဆိုခဲ့ကြတာကိုး။ အဲဒီတော့ ကျနော်တို့ အဲဒီနေရာကို ရောက်ခါနီးစဲစဲပဲ ရှိသေးတယ် မရောက်သေးဘူးလို့ ယုံကြည်တယ်။ အဲဒီအတွက် ကျနော် နောက်ထပ် လုပ်ရမှာတွေ အများကြီး ကျန်သေးတယ်”

ဟာသ သရုပ်ဆောင် ကိုဇာဂနာဟာ ၂၀၀၈ နာဂစ်မုန်တိုင်းသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ခဲ့ပြီးနောက် အဖမ်းဆီးခံရကာ ထောင်ဒဏ် (၃၅)နှစ် အချခံထားရသူပါ။ ၃နှစ်ခွဲနီးပါး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-12 21:19

ကိုဇာဂနလွှတ်လာတာကို အရမ်းကြည်းနူးတယ် ၀မ်းသားတယ် နောက်တစ်ခေါက်မ၀င်ရအောင် သတိနဲ့ကောင်းကောင်းလုပ်သွားစေချင်တယ် အားပေးပါတယ် အာဇာနည် သူရဲကောင်းပါလို့ ကျမ ရင်ထဲ အမြဲ၇ှိလျှက်ပါ ရှင့် ပထမလေးစားတာက အန်တီစုကြည်ပါ ဒုတိယလေးစားတာက ကိုဇာဂနာပါ ။

Anonymous
2011-10-16 18:39

ွှုအင်း တိုင်းပြည်အတွက် အရမ်းကို အားကိုးရတဲ့သူတစ်ယောက် အပြင်ရောက်လာတယ်ဆိုတော့ အရမ်းကို ၀မ်းသာပါတယ်။ ကျန်တဲ့သူတွေရော ဘာတွေဖြစ်ပြီး ကျန်ခဲ့သေးလဲ ပြောပြစေချင်တယ်။

Anonymous
2011-10-12 12:19

အမျိုးသားရင်ကြားစေ့ရေးမဟုတ်ပါဘူး ကိုဇာဂနာရယ်၊ လိုချင်တာလေးရှိလို့ မလွှတ်မဖြစ် ယောင်ပြလွှတ်နေတာပါ၊ သူသိသားနဲ့ဟာကို---အိပ်ယာလိပ်လေး အဆင်သင့်ပြင်ထားအုံး နောက်တခါပြန်သွားဘို့--

Anonymous
2011-10-13 15:27

ဇာဂနာကို အရင်က အထင်ကြီးခဲ့ပေမယ့် အခု ဇာဂနာရဲ့ ဝေဖန်ချက်တွေကို ဖတ်ရတာ အထင်ကိုမကြီးဘူးဖြစ်သွားတယ်။ အဆင့်မရှိဘူးဆိုတာ သိသာတယ်။ ဒီလောက်ပြောရင် ဘာလဲဆိုတာ သိမှာပါ။

Anonymous
2011-10-15 03:29

Good / Clean