ကုလသမဂ္ဂမှာ မြန်မာကိုအရေးယူဖို့ ကြိုးပမ်းမှုတွေအပေါ်အမြင်များ
2018.09.24
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာကိုအရေးယူဖို့ ကုလသမဂ္ဂမှာတင်သွင်းဖို့ ကြိုးပမ်းမှုတွေဟာ ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေအတွက် သီးခြားဒေသတခု ပေါ်ထွန်းရေးအတွက် ကြိုးပမ်းတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက သုံးသပ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လက်ရှိ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးတင်သွင်းဆွေးနွေးဖို့ ကြိုးပမ်းနေကြတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သူ မခင်ခင်အိက စုစည်းတင်ပြထားပါတယ်။