လူ့အခွင့်အရေးဆောင်ရွက်သူတွေကို အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း
2018.12.06

ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း ကမ္ဘာတဝှမ်းမှာ လူ့အခွင့်အရေး ကာကွယ်သူပေါင်း ၃၅ဝဝ ထက်မနည်း အသတ်ခံခဲ့ရပြီး အဲဒီထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးသဘောတူခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို နိုင်ငံအားလုံးလိုက်နာဖို့နဲ့ လူ့အခွင့်အရေးဆောင်ရွက်သူတွေကို အကာအကွယ်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ များနေသေးသလို၊ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆောင်ရွက်တဲ့အဖွဲ့တွေကို အစိုးရဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ပိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အသိအမှတ်ပြုမှု အားနည်းနေသေးတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းတွေကို RFA ဝိုင်းတေ်ာသား ကိုနေရိန်ကျော် တင်ပြထားပါတယ်။