သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-20
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု အတွက် နိုင်ငံတော် သမ္မတအနေနဲ့ သင်္ဘောနစ်ပြီး ၅ ရက်ကြာမှ ဝမ်းနည်းကြောင်း ထုတ်ဖေါ်ကြေညာ ခဲ့တာကို မြန်မာပြည်သူ အများအပြားက မကျေနပ် ကြပါဘူး။ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရတစ်ခု ရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုတွေကို မြန်မာလူထုက ဒီထက်ပိုပြီး မျှော်လင့်နေကြကြောင်း ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2016-10-20
မြန်မာနိုင်ငံ မြစ်ကြောင်းတွေတွင်း ပြေးဆွဲနေ တဲ့ ရေယာဉ်တွေဟာ ဘေးကင်းလုံခြုံမှု ကင်းမဲ့နေပြီး ရေယာဉ်ရဲ့ ကြံခိုင်ရေးတွေမှာလည်း လိုအပ်ချက်တွေရှိတာတွေရပါတယ်၊ ဒီအကြောင်း မသင်းသီရိက ဆက်ပြောပြမှာပါ၊
2016-10-20
ချင်းတွင်းမြစ်ထဲက အောင်စိုးမိုးကျော် စက်လှေနစ်မြှုပ်မှုမှာ ပညာရေးဝန်ထမ်း ကျောင်းဆရာဆရာမ အယောက် ၃၀ ကျော် အပါအဝင် ပြည်သူတွေ ရာနဲ့ချီအသေအပျောက်ရှိခဲ့ပေမယ့် သမ္မတအပါအဝင် နိုင်ငံတော်အဆင့် အစိုးရအဖွဲ့တာဝန်ရှိသူတွေက အလေးထားဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး ပြည်သူတွေအကြား မှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြပါလိမ့်မယ်။
2016-10-18
ဒီနှစ်ပိုင်းအတွင်း စင်္ကာပူမှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာတွေ အလုံးအရင်းနဲ့ မြန်မာနိုင်ငံကို ပြန်လာနေကြ ပါတယ်။
2016-10-18
စီးပွားရေးလုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို လှူဒါန်းတဲ့ငွေတွေနဲ့ ပတ်သက်ပြီး ခွဲဝေသုံးစွဲမှုတွေကို ပွင့်လင်းမြင်သာစွာရှင်းလင်းဖို့လိုအပ်သလို ဒီလှူဒါန်းမှုတွေက အခွင့်အရေးရလိုမှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိ စိစစ်ဖို့လိုအပ်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-18
မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ လာမယ့် ၂၀၄၀ ခုနှစ်အရောက်မှာ လူဦးရေ ၁၀ သန်းအထက်နေထိုင်တဲ့ မဂ္ဂါစီးတီးစာရင်းဝင် မြို့ကြီး ဖြစ်လာတော့မှာပါ။ ကျေးလက်ဒေသအသီးသီးကနေ ပြောင်းရွှေ့ အခြေချနေထိုင်မှုအများဆုံးနဲ့ လူဦးရေတိုးပွားမှုအမြင့်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့အနာဂတ်အတွက် အစိုးရသစ်အနေနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်မှုမရှိရင် လူဦးရေ ပြွတ်သိပ်မှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ ရေထုလေထုညစ်ညမ်းမှု၊ ရာသီဥတု ဆိုးဝါးဖောက်ပြန်မှုစတဲ့ ပြဿနာတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်ရဖွယ်ရှိကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2016-10-18
မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအရ အစိုးရတပ်မတော်နဲ့ လက်နက်ကိုင်တိုင်းသားအဖွဲ့ ၈ဖွဲ့ အပစ်အခတ်ရ ပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တာ အောက်တိုဘာ လ ၁၅ရက်နေ့က တစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။
2016-10-18
အကြမ်းဖက်တိုက်ခိုက်တာခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မောင်တောမှာ ဒီရက်ပိုင်းတွင်း အခြေအနေ တည်ငြိမ်နေတယ် ဆိုပေမယ့် ဒေသခံတွေကြား စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပြီး ဒါဟာ နိုင်ငံရဲ့ အချုပ်အခြာကိုထိပါးတဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။
2016-10-17
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အများပြည်သူပိုင် ပန်းခြံတွေ၊ ကလေးကစားကွင်းတွေမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် မြို့ခံတွေက အလိုမရှိကြောင်း ပြောကြပါတယ်။
2016-10-17
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူ ၅ ဦးအထိရှိနေပြီး ၁၅၈ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ပျောက်ဆုံးသူ အများအပြားရှိနေဆဲဖြစ်ပါတယ်။
2016-10-17
ဒီကနေ့မှာကျရောက်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ မြန်မာနိုင်ငံ နေရာအနှံ့အပြားက ဗုဒ္ဓဘာသာဝင်တွေက မိမိတို့ရဲ့ ရိုးရာဓလေ့ထုံးစံအရ ဘုရားသွား ကျောင်းတက် အလှူဒါနတွေ အသီးသီးပြုလုပ်ကြသလိုပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် ဗုဒ္ဓဘာသာ တိုင်းရင်းသားတွေလည်း ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ကြပြီး နတ်ရွာစံသွားခဲ့တဲ့ ထိုင်းဘုရင်ကြီးအတွက်လည်း ဆုတောင်းခဲ့ကြပါတယ်။
2016-10-17
နိုင်ငံခြားဗီဒီယိုကားတွေ၊ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ကာတွန်းကားတွေကို လွတ်လပ်စွာရောင်းချခွင့်ပေးဖို့ ကူးခွေရောင်းချသူ ၃ဝ ကျော်က ဒီနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-10-16
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
2016-10-14
ဒေါသကြောင့်ဖြစ်ပွားတဲ့မှုခင်းတွေ တိုးပွားလာတဲ့ အကြောင်းရင်းတွေနဲ့ အဲဒီအမှုအခင်းတွေ လျော့ ပါးစေရေးအတွက် ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေ အကြောင်းကို RFA အဖွဲ့သူ မခက်မာ ဆွေးနွေး တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-14
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းအလုပ်လုပ်ကိုင်ကြတဲ့ ရေလုပ်သားတွေ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ သေဆုံးပျောက်ဆုံးမှုတွေ မြင့်တက်လာနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။