သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-09
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ စစ်ကောင်စီဟာ ၂၀၂၃ ဩဂုတ်လ ရွေးကောက်ပွဲမတိုင်ခင် မဲစာရင်းအမှန်ရနိုင်ဖို့ ငြိမ်းချမ်းတဲ့ ဒေသတချို့မှာ လူဦးရေစာရင်းတွေ စတင်ကောက်ယူ နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော်နယ်မြေ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-09
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ အခုနှစ် ဇန်နဝါရီလ ၅ ရက်တုန်းကလည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တရားရုံးက ရိုဟင်ဂျာ ၁၁၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ ထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။
2023-01-09
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အချိန်နှစ်နှစ်နီးပါးကြာလာတဲ့အထိ နှစ်ဖက်တိုက်ခိုက်မှုတွေ ပြင်းထန်နေဆဲဖြစ်သလို ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်လုံခြုံရေးတွေဟာလည်း စိုးရိမ်နေရဆဲဖြစ်ပါတယ်။
2023-01-08
ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့ လက်နက်စွမ်းရည်နဲ့ လူ့စွမ်းရည်ကို အခြေခံပြီး စစ်အင်အား firepower ကို တွက်ချက်တဲ့ Global Firepower ဇယားမှာ ခု ၂၀၂၃ မှာ မြန်မာစစ်တပ်ဟာ ၁၄၅ နိုင်ငံမှာ ၃၈ နိုင်ငံမြောက်ဖြစ်လာပြီး မနှစ်ကထက် အဆင့်တစ်ဆင့် ပိုတက်လာပါတယ်။
2023-01-08
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2023-01-07
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ခင်ဦးမြို့နယ်က ရွာတွေကို ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့လို့ အရပ်သား လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-06
အုန်းဖျန် ဒုက္ခသည်စခန်းကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး လက်ရှိမှာ အိမ်ထောင်စု ၁၇ဝဝ ကျော်နဲ့ လူဦးရေ ၈ဝဝဝ ကျော်ရှိပါတယ်။ ၈ဝ ရာခိုင်နှုန်းဟာ ကရင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဖြစ်ပြီး တခြားမြန်မာနိုင်ငံအရပ်ရပ်က ရောက်လာတဲ့ လူမျိုးပေါင်းစုံအနက် မွတ်စလင်တွေလည်း လူဦးရေ ထောင်နဲ့ချီ ရောက်ရှိခိုလှုံလျှက်ရှိတယ်လို့ စခန်းအကြီးအကဲတွေက ပြောပါတယ်။
2023-01-06
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန်ရဲ့ ခရီးစဉ်အပြီး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၅ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2023-01-06
ပြီးခဲ့တဲ့ ရွေးကောက်ပွဲအဆက်ဆက်ဟာ ရခိုင်ပြည်နယ်အတွက် အကျိုးမထူးခဲ့သလို အခုစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာလည်း ရခိုင်ပြည်သူတွေအတွက် ထူးခြားလာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
2023-01-06
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန် ၂၃ လတာကာလအတွင်း အရပ်သား ၄၁၉ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
2023-01-05
လာမယ့် သြဂုတ်လအတွင်း မြန်မာမှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပြီး အဲဒီရွေးကောက်ပွဲဟာ တစ်ကောင်တည်း ပြိုင်မယ့် မြင်းပြိုင်ပွဲလို ဖြစ်ပါလိမ့်မယ်။
2023-01-05
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို သက်တမ်းတစ်နှစ် ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီက ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေကတော့ အမှန်တကယ်တိုက်နေသူတွေ မပါတဲ့ ငြိမ်းချမ်းရေးက လက်တွေ့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
2023-01-05
စစ်ဆေးအချိန်ကြာမြင့်မှုကို ရင်မဆိုင်ချင်တဲ့အခါ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်သားတွေကို ကားတစ်စီးငွေ ငါးသောင်းကျပ်ပေးပြီး ဖြတ်သန်းရပါတယ်။ ဒါ့ကြောင့် ဒီဂိတ်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေအတွက် ငွေတွင်းကြီးဖြစ်နေတယ်လို့ ခရီးသွားတွေက RFA ကို ပြောဆိုကြပါတယ်။
2023-01-04
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေသလို ဒီမိုကရေစီ အင်အားစုတွေကလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
2023-01-04
ဇန်နဝါရီ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ လုံခြုံရေးအစောင့်အရှောက်များစွာနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး အကျဉ်းသား ခုနစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။