သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-10
အမေရိကန်အစိုးရက မြန်မာနဲ့ အမေရိကန်အကြား ကုန်သွယ်မှုပိတ်ဆို့ထားတာကို ၆ လ ယာယီ ရုပ်သိမ်းလိုက်ကြောင်း ပြီးခဲ့တဲ့နှစ်ရက်လောက် က ကြေညာလိုက်ပါတယ်။
2015-12-10
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်က ဝမ့်ဝစစ်ဘေးဒုက္ခသည်စခန်းနဲ့ မိုင်းရှူးမြို့နယ်က ဟိုက်ပါ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင်တွေ သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး ငွေကြေး၊ အဝတ်အထည်တွေနဲ့ စားစရာတွေကို လှူဒါန်းခဲ့ပါတယ်။
2015-12-10
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၂ ရုံက အထည်ချုပ် အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ Oxfam နဲ့ အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်း တွေပူးပေါင်းပြီး သုတေသနပြုလုပ်ထားတဲ့ အစီရင်ခံစာကို ရှင်းပြခဲ့ပါတယ်။
2015-12-08
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီး ခဲ့တဲ့ နိုဝင်ဘာလက မြေစာပုံ ပြိုကျမှုကြောင့် လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး နောင်မှာအလား တူ အဖြစ်မျိုး ထပ်မံမဖြစ်ပွားရေးအတွက် ကချင်ပြည် နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန် နန် တင်သွင်းတဲ့ အရေးကြီးအဆိုကို ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးကြပါတယ်။
2015-12-08
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ပါတယ်။
2015-12-06
ဒီဇင်ဘာ ၄ ရက်နေ့က NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေတို့ ၂ နာရီကြာတွေ့ဆုံခဲ့ ပါတယ်။
2015-12-05
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ၂ ပတ်ကျော်ကြာ အကြမ်း ဖက်မှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အမျိုးသမီး အဖွဲ့အစည်းတွေက လုပ်ဆောင်နေကြပါတယ်။
2015-12-04
Global Witness အရှေ့တောင်အာရှမှာ မူးယစ် လုပ်ငန်းနဲ့ ပတ်သက်ပြီး နာမည်ပျက်နဲ့ အကျော်ကြား ဆုံးဖြစ်နေတဲ့ ဘိန်းဘုရင်တစ်ဦးဖြစ်သူ Wei Hsueh Kang (ဝေရှောက်ခန်) ဟာ မြန်မာပြည်မြောက်ဖျား ဖားကန့် ကျောက်စိမ်းထုတ်လုပ်မူလုပ်ငန်းကို အဓိက ချယ်လှယ်ကြိုးကိုင်နေတဲ့ သူတွေထဲကတစ်ဦးဖြစ် တယ်လို့ အင်္ဂလန်နိုင်ငံ အခြေစိုက် Global Witness အဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2015-12-02
မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းစီလွတ်လပ်မှုတွေ ရရှိလာတာနဲ့ပတ်သက်ပြီး အားရကျေနပ်သူတွေ များလာတယ်လို့ နိုင်ငံတကာစစ်တမ်းကောက်ယူတဲ့ Gallup အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက လေ့လာတွေ့ ရှိချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအထဲ မှာ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုရလာမယ်လို့ မျှော်လင့်ထားသူတွေ လည်း များတယ်လို့ သိရပါတယ်။
2015-12-02
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲကတချို့က ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-12-02
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ရေးထိုးထားတဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို အတည်ပြုပေးဖို့ အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2015-12-01
လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံမယ့်အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက ကြိုဆိုကြပါတယ်။
2015-12-01
နိုဝင်ဘာ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ကိုယ်စား လှယ်တွေရဲ့ အခြေအနေကို အမြဲမပြတ်စောင့်ကြည့်လေ့လာနေ မယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
2015-12-01
လာမယ့် ဒီဇင်ဘာလ (၂) ရက်နေ့မှာ NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တို့ရဲ့တွေ့ဆုံမှုအတွင်း နိုင်ငံလုပ်ငန်းတာဝန်လွဲပြောင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သဘောထားတွေ တထပ်တည်းကျနိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွေမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သဘောထား ကွဲလွဲတာမျိူးတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူ တချို့ကသုံးသပ်ပါတယ်။
2015-11-29
သတင်းစာ စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ပွဲ အခမ်းအနားကို အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။