သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-13
ကျောက်မီးသွေးကထုတ်တဲ့ လျှပ်စစ်နဲ့ ရန်ကုန်မှာ သင့်တင့်တဲ့နှုန်းနဲ့ မီးပေးနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားတဲ့အကြောင်းနဲ့ လေထုညစ်ညမ်းမှုသက်သာတဲ့ သန့်စင်ကျောက်မီးသွေးနည်းပညာသုံးပြီး လျှပ်စစ်ထုတ်ရင် စနစ်လည်းကြီး စရိတ်လည်းကြီးတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-04-12
အမေရိကန် United Airlines က တနင်္ဂနွေနေ့မှာ ခရီးသည်တဦးကို လေယာဉ်ပေါ်က အဓမ္မဖယ် ရှားခဲ့တာနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ကဏ္ဏကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2017-04-12
တရုတ် - မြန်မာ ရေနံပိုက်လိုင်းကနေ ရေနံ စိမ်းတွေကို မကြာခင်စတင်ပို့ဆောင်ပါတော့မယ်။
2017-04-11
မြန်မာနိုင်ငံမှာလူ ၃ သိန်းလောက် စိတ်ကျဝေဒနာ ခံစားနေရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်း က နေပြည်တော်မှာ ဧပြီလ ၇ ရက်နေ့က ပြော လိုက်ပါတယ်။
2017-04-11
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေရဲ့ မတော်တဆမှုကြောင့် လူသေဆုံးရတာတွေ ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေကို ဒီရက်ပိုင်းအတွင်း အတော်လေး တွေ့လာနေရသလို ဒီမတော်တဆမှုတွေအပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းတွေလဲ ကြားနေရပါတယ်။
2017-04-11
NLD အစိုးရသစ်တက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွေ ဦးစားပေးလုပ်ဆောင်နေချိန် မှာ နိုင်ငံရဲ့စီးပွားရေးတွေ တုံ့ဆိုင်းသွားမှုနဲ့ အတူ အောက်ခြေပြည် သူတွေရဲ့ နေ့စဉ်ဘဝတွေ ဟာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေနဲ့အတူ ပိုကြပ်တည်းတဲ့ အကြောင်းအကြောင်းတွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က တင်ပြထားပါတယ်။
2017-04-11
မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲမှာ မူးယစ်ဆေးဝါးအန္တရာယ် ပိုကြီးလာနေပြီး လူငယ်တွေအကြား သတိထားဖို့ လိုတယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားပါတယ်။
2017-04-10
ကမ္ဘာ့မြေအောက်ရေ နဲ့ ရိက္ခာပြဿနာ/ သဖန်းဆိပ် ဆည်ရေကြောင့် တနေရာမှာသာယာပြီး၊ တနေရာ မှာ ရေဘေးသင့်နေရတာ၊ ဟိမဝန္တာ က ရေခဲပြင်လို ပဲ ဒီနွေမှာ အင်းလျားကန် ရေလျော့နေတာတွေ နဲ့ပတ်သက်ပြီး RFA အဖွဲ့သူ ဒေါ်စန်းစန်းတင်က တင်ပြထားပါ တယ်။
2017-04-09
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အင်အားကြီး စက်ယန္တရားမျိုးစုံ အသုံးပြုပြီး ကျောက် စိမ်း နဲ့ ရွှေတူးဖော်လုပ်ကိုင်နေမှုကြောင့် သဘာ ဝတောတောင်တွေပျက်စီးလာသလို ရေအရင်း အမြစ်ရှားပါးလာတာကြောင့် ဒေသခံတွေ အတွက် သောက်သုံးရေရရှိဖို့ ခက်ခဲနေပါတယ်။
2017-04-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ရေးအတွက် တပ်မတော်ရဲ့ ပူးပေါင်းပါဝင် မှု အရေးကြီးတယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်၊ မသင်းသီရိ ဆက်ပြောပြမှာပါ။
2017-04-07
လွတ်လပ်စွာဖန်တီးခွင့် ဖော်ထုတ်ခွင့်အတွက် ကြွေးကြော်ပြီးတက်လာတဲ့ အစိုးရခေတ်အတွင်း ကျင်းပမယ့် သြင်္ကန်ပွဲတော်မှာ သံချပ်စာသားတွေ စိစစ်ရေးတင်သင့် မတင်သင့် ဆိုတာတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆို လာကြပါတယ်။ သံချပ်အဖွဲ့ဝင် အနုပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကို မခက်မာ စုစည်းတင်ပြထားပါတယ်။
2017-04-07
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီဂျင်းပင်တို့ တွေ့ဆုံချိန်ဟာ သမ္မတ ထရမ့်ရဲ့ အမိန့်ပေးချက်အရ အမေရိကန်ရေတပ်က ဆီးရီးယားကို ပဲ့ထိန်းဒုံးပျံတွေ ပစ်ခတ်ခဲ့ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
2017-04-06
မြန်မာနိုင်ငံက တရားရုံးတွေနဲ့ တရားရေးကဏ္ဍနဲ့ ပတ်သက်ပြီး ထောက်ပြဝေဖန်မှုတွေ များနေချိန်မှာပြီးခဲ့တဲ့အပတ်က တရားသူကြီးတွေ မတရားလုပ်တာနဲ့ ပတ်သက်လို့ တိုင်ကြားကြဖို့ တရားလွှတ်တော်ချုပ်ရုံးက တိုက်တွန်းလိုက်ပါတယ်။ တကယ်အားဖြင့် မြန်မာနိုင်ငံ တရားရေးဌာနရဲ့ ပြဿနာတွေဟာ စစ်အစိုးအဆက်ဆက်ရဲ့ ဆိုးမွေးတွေကို ဆက်ခံလာတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
2017-04-06
ချောင်းဆုံ သံလွင်မြစ်ကူးတံတား အမည်ပေးရေးနဲ့ ပတ်သက်လို့ ဒေသခံမွန်လူမျိုးတွေရဲ့ ဆန္ဒသဘော ထားနဲ့ ဆန့်ကျင်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုင်တွယ်ဆောင်ရွက်ခဲ့ တာ၊ ပြည်သူ့လွှတ်တော်မှာ မဲခွဲအနိုင်ယူခဲ့တာ ဟာ ရွေးကောက်ပွဲ အရှုံးအနိုင်ဆိုတဲ့ အပေါ်ယံ အကျိုးဆက်မျှသာ မဟုတ်ဘဲ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စတွေအထိ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ မြန်မာ့နိုင် ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2017-04-06
စက်မှုဝန်ကြီးက ဆက်လက်လုပ်ဆောင်သင့်တယ်လို့ တင်ပြတဲ့ ပင်းပက်စက်ရုံအတွက် ရှမ်းပြည်နယ်က ကျောက်မီးသွေးတွေတင်ပို့တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်ကရေးသားပြီး ဒေါ်သင်းသီရိက ဖတ်ကြားထားပါတယ်။