သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-19
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ဆန္ဒပြခဲ့ကြတဲ့ သူနာပြုတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံညှိုနှိုင်းပြီး ကျောင်းပြီး ဆုံးချိန် အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင် သူတွေကို သူနာပြု လိုင်စင် ထုတ်ပေးဖို့ နှစ်ဖက် သဘောတူညီကြောင်း သတင်းထုတ်ပြန်ပါတယ်။
2017-03-18
သြင်္ကန်ကာလရုံးပိတ်ရက်ကိုဆယ်ရက်ကနေ ငါးရက်လျှော့ချမယ်လို့ NLD အစိုးရက ကြေညာလိုက်တဲ့အတွက်၊ အစိုးရဝန်ထမ်းတွေရော၊ စက်ရုံအလုပ်သမားတွေဆီကပါ မကျေနပ်သံတွေ ပေါ်ထွက်ခဲ့ပါတယ်။
2017-03-17
Myanmar Now သတင်းထောက်ချုပ် ဦးဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆-ဃ နဲ့ ဦးဝိရသူ ကိုယ်စား ဦးကျော်မျိုးရွှွေက တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုသင့် - မသင့်အတွက် မတ်လ ၁၅ ရက်နေ့က မန္တလေးအမှတ်-၇ ရဲစခန်းက ရဲအရာရှိတွေ ဦးဆွေဝင်းကို လာရောက်တွေ့ဆုံပါတယ်။ တိုင်ကြားခံရသူ ဦးဆွေဝင်းဘက်က ဦးကျော်မျိုးရွှေရဲ့ စွဲဆိုချက်ဟာ ပျက်ပြယ်သွားပြီလို့ ပြောကြပါတယ်။ သုံးသပ်သူတွေကတော့ ဒီအမှုဟာ အစကတည်းက မှားယွင်းမှုရှိနေတယ်လို့ ထောက်ပြပါတယ်။
2017-03-14
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ခြိမ်းခြောက် တာတွေအပြင် လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူး လို့ ဝေဖန်နေကြတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ကို ပြင်ဆင်ဖျက်သိမ်းပေးဖို့ အစီအစဉ်ရှိ/မရှိ NLD ကိုယ်စားလှယ်က အမျိုးသားလွှတ်တော် မှာ မေးခွန်းမေးဖို့ကြိုးစားခဲ့ပေမဲ့ ပါတီတွင်းစိစစ်ရေး က ခွင့်မပြုတာကြောင့် မေးခွင့်မရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေရဲ့အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-03-14
မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ ဒသမ ၂ သန်း ရှိပြီး အဲဒီအထဲကထက်ဝက်လောက်ဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေရတယ်လို့သိရ ပါတယ်။
2017-03-14
NLD ပါတီ ဥပေဒအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံတွေကို စွဲဆိုထားတဲ့ ပုဒ်မတွေ လွဲနေပြီး လက်ရှိ တရားခံ (၄) ဦးနဲ့ပဲ အမှုကို အဆုံးသတ်လိုက်မှာ စိုးရိမ်နေရတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြနေကြပါတယ်။
2017-03-14
နိုင်ငံတစ်နိုင်ငံအတွက် သစ်ပင်သစ်တောဆိုတာ ထီးသဖွယ် အပူဒဏ် အကာအကွယ်ပေးတဲ့ သဘောမျိုးရှိပေမယ့် တရားမဝင်သစ်မှောင်ခိုမှုများတဲ့ မြန်မာနိုင်ငံမှာ သစ်တောတွေ အဆမတန် ပြုန်းတီးနေတာမို့ ခုလိုနွေမှာ အရွက်စုတ်တဲ့ ထီးအောက်ရောက်နေရသလို ဖြစ်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-03-11
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦး အတွက် မြန်မာအစိုးရအနေနဲ့ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်ပြီလို့ အမှုကိုကူညီဆောင်ရွက်ပေးနေသူတွေက သုံးသပ်ပြောဆိုနေ ပါတယ်။
2017-03-11
မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူမျိုးပေါင်း ၁၃၅ မျိုးအနက် မြန်မာမျိုးနွယ်စုမှာ အပါအဝင်ဖြစ်တဲ့ ဆလုံလူမျိုးတွေဟာ အခုအချိန် လူဦးရေ ၂၀၀၀ ပြည့်အောင် မရှိတော့ဘူးလို့ ဆိုပါတယ်။
2017-03-09
Myanmar Now သတင်းဌာနရဲ့ သတင်းထောက် ချုပ် ကိုဆွေဝင်း ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ( ဃ ) နဲ့ အမှုဖွင့်လိုက်တာဟာ ဒီမိုကရေစီအစိုးရ အုပ်ချုပ်နေချိန်မှာ မဖြစ်သင့်ဘူးဆိုတဲ့ အမြင်တွေ ရှိသလို၊ တရားဥပဒေစိုးမိုးရေးအတွက် မေးခွန်း ထုတ်စရာဖြစ်နေတယ်လို့လည်း ထောက်ပြဝေဖန်နေ ကြပါတယ်။
2017-03-08
ကားအိုကားဟောင်းတွေပဲ သုံးတဲ့ မြန်မာနိုင်ငံမှာ ပြည်ပက ကားတွေ တင်သွင်းခွင့်ရသွားတဲ့ အကြောင်းနဲ့ အရင်အစိုးရလက်ထက်ကတည်းက အခွန်လွတ်ခံစားခွင့်ရသွားတဲ့ ပြည်တွင်းက ကားစက်ရုံက ဟန်ပြကား ထုတ်လုပ်နေတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2017-03-07
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေပေါ် အကြမ်းဖက်မှု အမျိူးမျိုး ကျူးလွန်ခံနေကြရပေမဲ့၊ တရားစီရင်ရေး မဏ္ဍိုင် အားနည်းနေတာကြောင့် ထိထိရောက်ရောက် အပြစ်ပေးမခံရဘဲ ကင်းလွတ်ခွင့်ရနေကြတယ်လို့ အမျိူးသမီး အကြမ်းဖက်မှုကာကွယ်ရေးလှုပ်ရှားသူတွေ က ထောက်ပြကြပါတယ်၊
2017-03-07
အမျိုးသမီးထုအခွင့်အရေးလှုပ်ရှားမှု အထိမ်းအမှတ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပလာခဲ့ကြတာ အခု မတ်လ ၈ ရက်နေ့မှာ ၁၀၇ နှစ် ပြည့်မြောက်လာခဲ့ပါပြီ။
2017-03-06
မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေး ကြပ်တည်းမှု ဒုက္ခတွေ ဆိုးဝါးလာတာနဲ့အတူ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့လာတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ NLD အစိုးရအနေနဲ့ ဘယ်လောက်စွမ်းဆောင်နိုင်မလဲ ဆိုတာ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2017-03-06
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပေမယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ တလမ်းစီ တပြိုင်နက်ကြိုးစားလို့ ရတယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။