သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-20
အာဏာရပါတီတွေဟာ ဝန်ကြီးချုပ်ကို တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက ခန့်အပ်ခွင့်မရှိတဲ့ ပုဒ်မ ၂၆၁ ကို မပြင်ပေးချင်ကြဘဲ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေသလို ဒီပုဒ်မကိုကိုင်စွဲပြီး တိုင်းရင်းသားတွေကို ကစားဖို့ အသုံးချနေကြတယ်လို့ တိုင်းရင်းသားပါတီတွေက ဝေဖန်ကြပါတယ်။
2020-11-19
ကုလသမဂ္ဂက မြန်မာ့တပ်မတော်ကို ကလေးစစ်သားစုဆောင်းတဲ့ လက်နက်ကိုင် တပ်ဖွဲ့စာရင်းကနေ ဖယ်ရှား ထားပြီးဖြစ်ပေမယ့် ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ ကလေးငယ်တွေဟာ အသုံးချခံနေရဆဲဖြစ်လို့ နာမည်ပျက် စာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က တိုက်တွန်း လိုက်ပါတယ်။
2020-11-18
၂၀၂၀ ရွေးကောက်ပွဲမှာ လူသိများထင်ရှားတဲ့ ပါတီသစ်တွေ ရှုံးနိမ့်ခဲ့တာဟာ၊ ကပ်ရောဂါကာလ မဲဆွယ်စည်းရုံးရေး မညီမျှမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကို မယှဉ်နိုင်မှု၊ ပထမဆုံးအကြိမ် ခြေစမ်းပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်ယှဉ်ပြိုင်မှုတွေကြောင့် ရှုံးနိမ့်ရတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
2020-11-18
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့က တောင်းဆိုချက်ကို တပ်မတော်က ကြိုဆိုပြီးနောက်ပိုင်း နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ အားလုံးနီးပါး ရပ်တန့် သွားပါတယ်။
2020-11-17
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမျက်နှာစာမှာ အဝေဖန်ခံနေရပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ လူထုထောက်ခံမှု ရာနှုန်းပြည့်နီးပါးနဲ့ အောင်နိုင်ခဲ့ပါတယ်။
2020-11-17
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီပြီး အစိုးရထောက်ပံ့ကြေး မရတဲ့သူတွေ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နိုဝင်ဘာ ၁၆ ရက်က ပြောသွားပါတယ်။
2020-11-17
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာမယ့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ မကြာခင် စတင်နိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။
2020-11-16
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒုတိယအများဆုံးအနိုင်ရရှိထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(USDP)အနေနဲ့ မဲရလဒ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ဆိုထားပါတယ်။ မဲဆွယ်စည်းရုံးရေးကာလတုန်း က USDP ပါတီဝန်းရံသူတွေက တကယ်ပဲ မဲပေးခဲ့လို့လားဆိုတဲ့ ဝေဖန်မှုတွေလည်းရှိပါတယ်။
2020-11-14
၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးနောက် မွန်ပြည်နယ်မှာ နေရာအများစု အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကို ဘယ်လိုပုံစံတွေ ဖွဲ့စည်းသွားမလဲဆိုတာ မွန်လူထုက စိတ်ဝင်စားနေကြပါတယ်။
2020-11-13
ရွေးကောက်ပွဲအပြီးမှာ NLD၊ AA နဲ့ တပ်မတော်ရဲ့ ကြေညာချက်တွေအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စိတ်ဝင်စားစရာ ပြောင်းလဲမှုတချို့ ပေါ်ထွက်လာခဲ့ပါတယ်။
2020-11-13
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ မဲရရှိပြီလို့ NLD ပါတီက ထုတ်ဖော်ပြောဆိုလိုက်ပြီး တိုင်းရင်းသား၊ လူမျိုးစုတွေရဲ့ သဘောထားကို အလေးထားဆောင်ရွက်သွားမယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဆောင်ရွက်လိုတယ်လို့ တိုင်းရင်းသားပါတီ ၄၈ ပါတီရဲ့ အမည်တွေနဲ့ တွဲပြီးကြေညာထားတာပါ။
2020-11-13
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ကျရာအခန်းကဏ္ဍကနေ လုပ်ဆောင်မယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ပြောထားပါတယ်။
2020-11-12
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကွေးတတိုင်းလုံးမှာ အနိုင်ရရှိခဲ့တာနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိ ကိုယ်စားလှယ်ဦးရေ ကျော်လွန်အနိုင်ရခဲ့လို့ အမေစုနိုင်ပြီလို့ ကြွေးကြော်ကြပြီး ပျော်ပွဲတွေ ကျင်းပနေကြပါတယ်။
2020-11-12
အစိုးရသစ်တက်လာတော့မယ့် အခုချိန်မှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကလည်း အစိုးရသစ်ဟာ သူတို့အတွက် ပိုပြီးဆောင်ရွက်ပေး နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
2020-11-12
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မိုးမိတ်၊ မဘိမ်းမြို့နယ်တွေက မဲရလဒ်တွေအပေါ် သံသယရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။