သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-29
ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ရေသန့်အမှတ် တံဆိပ်တွေကို ဈေးကွက်ထဲကနေ ပြန်လည် ရုပ်သိမ်းပေးဖို့ ရေသန့်လုပ်ငန်းရှင်တွေကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် က သတိပေးလိုက်ပါတယ်။
2017-01-27
NLD အစိုးရသစ် တက်လာပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မူတွေထဲမှာ မြန်မာနိုင်ငံ အနောက် ဘက်ခြမ်း ရခိုင်ပြည်နယ်က ပြဿနာ နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်း သားဒေသတွေက ငြိမ်းချမ်းရေးကိစ္စဟာ အဓိကဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့ ဒီပြဿနာတွေကိုရှင်းဖို့ ကြိုးစားနေတာမှန်ပေမယ့် စိန်ခေါ်မှုအသစ်အသစ်တွေက ထွက်ပေါ်လာ မစဲဖြစ်ပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက် တင်ပြပါမယ်။
2017-01-27
ပုသိမ်ပညာရေးကောလိပ်က ၂၀၁၆ ခုနှစ် ဆရာအတတ်သင် ဒီပလိုမာသင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ အရည်အချင်းသတ်မှတ်ချက်နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းရဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် သတ်မှတ်ချက်တွေမှာ ကိုယ်အင်္ဂါမသန်စွမ်းမှုတွေကို အသေးစိတ် ကန့်သတ်ထားတာနဲ့ပတ်သက်ပြီး ဝေဖန်ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။
2017-01-26
နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေး တို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၅ ခုက မနေ့က ရက်စွဲနဲ့ ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပူးတွဲထုတ်ပြန်ချက်မှာပါဝင်တဲ့ တအာင်းပလောင် အမျိုးသားပါတီက အဲဒီကြေညာချက်ကို လက်မခံနိုင်ကြောင်းနဲ့ ထုတ်ပြန်ချက်ထုတ်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့တာမရှိဘူးလို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-01-25
အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တရက်မှာ ဖြစ်ပွား သွားတဲ့ အမျိုးသမီးထုလမ်းလျှောက်ပွဲနဲ့ အမျိုးသမီးရေးလှုပ်ရှားသူ Gloria Steinem ရဲ့ အခန်းကဏ္ဍ၊ မပြီးဆုံးသေးတဲ့ အမေရိကန်အမျိုးသမီး အခွင့်အရေး တိုက်ပွဲနဲ့ ပုံစံခွက်ထဲက မြန်မာ အမျိုးသမီးတွေ အနေအထား စတာတွေ ကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2017-01-24
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံး မှုတွေ မကြာခဏ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့ သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2017-01-24
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဟာ အာဏာ ပိုင်တွေရဲ့ စီမံခန့်ခွဲမှုအားနည်းချက်တွေ၊ လုပ်ဆောင်ချက်အမှားတွေကို ဝေဖန်ထောက်ပြ မှုမပြုနိုင်အောင် ကာကွယ်ပေးထားပါတယ်။
2017-01-24
ရန်ကုန်မှာ YBS လို့ခေါ်တဲ့ အများပိုင်ယာဉ်လိုင်းစနစ်သစ်ပြေးဆွဲတာ ဒီကနေ့ဆိုရင် တပတ်ရှိပြီဖြစ်ပေမယ့် ဘတ်စ်ကားစီးကြတဲ့ ခရီးသည်တွေ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။
2017-01-24
အရင်အစိုးရလက်ထက်က မတရားအသင်းအက်ဥပဒေ ၁၇-၁ နဲ့ ဖမ်းဆီးထားသူတွေကို အစုလိုက်အပြုံလိုက် လွှတ်ပေးလိုက်ပြီး အခုအစိုးရသစ်လက်ထက် စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ဒေသတွေမှာ ပုဒ်မ ၁၇-၁ ဟာ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ လက်နက်တခုဖြစ်နေပြီလို့ ပြောဆိုနေပါတယ်။
2017-01-22
ကချင်ပြည်နယ် ဖားကန်မြို့နယ် နမ့်မဖြစ်ကျေးရွာမှာ အလယ်တန်းကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေ နတ်နဲ့ ပစ်သတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ အတွက် ဆရာ၊ ဆရာမတွေက ဒီနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-01-22
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ စတင်ကျင်းပတဲ့ တတိယအကြိမ်မြောက် နိုဘယ်လ်-မြန်မာ ရသစာပေပွဲတော်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2017-01-22
ပထမကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့ရတဲ့ စစ်သည်တော်တွေအတွက် အောက်မေ့ဖွယ်သင်္ကေတဖြစ်တဲ့ ဘိန်းပန်းဟာ ဓာတုပညာရှင်တွေ တီထွင်ဖော်စပ်ရာက မော်ဖင်း၊ ဘိန်းဖြူနဲ့ မူးယစ်ဆေးပြား အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်နိုင်တဲ့အတွက် ငရဲပန်းဖြစ်သွားရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-01-22
ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ အဆောက်အဦးတွေ ဆောက်လုပ်တဲ့နေရာ မှာ ပြည်သူကိုဗဟိုပြုပြီး လုပ်ကိုင်ဆောင်ရွက်ပေး ဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် က တိုက်တွန်းပါတယ်။
2017-01-22
နေပြည်တော်ကောင်စီနယ်မြေမှာ မှုခင်းတွေကျဆင်းဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တအိမ်တက်တအိမ်ဆင်းပြီး ပြည်သူတွေနဲ့ တွေ့ဆုံသွားမယ်လို့ ပျဉ်းမနားမြို့နယ် မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူး တင်ဌေး က ပြောပါတယ်။
2017-01-21
အမျိုးသမီးအခွင့်အရေး တောင်းဆိုဆန္ဒပြပွဲတစ်ခုကို ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။