သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-30
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဟာ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေးအပြီး လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ နေ့လည်စာ စားအပြီးမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-01-30
လာမယ့် စနစ်သစ်ပညာရေးအတွက် သူငယ်တန်းအဆင့် မြန်မာစာသင်ရိုးမှာ ဗျည်းအက္ခရာ ၃၃ လုံးရှိရာကနေ ၈ လုံးကိုဖြုတ်ပြီး သင်ကြားမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အတွက် ဝေဖန်မူတွေ အမျိုးမျိုးရှိနေပါတယ်။
2016-01-30
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့မှာ လွှတ်တော်သက်တမ်းအတွင်း အတွေ့အကြုံတွေကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ကိုယ်စားလှယ်တချို့က နှုတ်ခွန်းဆက်စကား ပြောခဲ့ကြပါတယ်။
2016-01-30
လာမယ့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လွှတ်တော်အသစ် တက်ရောက်ရမယ့် ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အသစ်တွေဟာ အခုဆိုရင် နေပြည်တော်ကို ရောက်ရှိနေကြပြီဖြစ်ပြီး အရင်ကိုယ်စားလှယ်အဟောင်းတွေ ၅ နှစ်ကြာနေခဲ့တဲ့ စည်ပင်ဧည့်ရိပ်သာမှာ နေကြရမှာ ဖြစ်ပါတယ်။
2016-01-29
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိအစိုးရ ၅ နှစ်သက်တမ်းအတွင်း ကြိုးပမ်းဆောင်ရွက် မှုတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
2016-01-28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နှစ် ရပ်မှာဦးဆောင်မဲ့သူတွေရဲ့ စာရင်းကို ဒီကနေ့ အတည်ပြုထုတ်ပြန်ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ပြည် သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အတွက် ရွေးချယ်တဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌ ၄ ဦးထဲမှာ တိုင်းရင်းသား ၃ ဦးပါဝင်တဲ့အတွက် လွှတ်တော်က တိုင်းရင်းသားအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင် ဖို့ မျှော်လင့်ချက်တွေရှိနေပါတယ်။
2016-01-28
NLD က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ အဖြစ် ရွေးချယ်လိုက်တဲ့ ဦးတီခွန်မြတ်နဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေ ထွက်ပေါ်နေပါတယ်။
2016-01-27
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ထားရှိဖို့အရေး နိုင်ငံတော်သမ္မတက လွှတ်တော် ကို ပေးပို့လာပါတယ်။ ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပိုပြီးတိုးမြှင့်ပေးလိုက်တာ ပဲဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။
2016-01-27
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မ တီ အပါအဝင် လွှတ်တော်ရေးရာကော်မတီ ၁၂ ခုက ဒီကနေ့ ပြည်သူ့လွှတ်တော်ထံ နောက်ဆုံးအစီရင်ခံ စာတွေ တင်သွင်းကြပါတယ်။
2016-01-27
လာမယ့် ရခိုင်ပြည်နယ်အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရမယ့် ဘတ်ဂျက် ကျပ် ၁၄၅ ဘီလီယံကို မနေ့က ပြည်နယ်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ အဲဒီထဲမှာ မလိုအပ်တဲ့ အသုံးစရိတ် လျာထားချက်တွေ ပါဝင်နေတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။
2016-01-26
ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရသစ် အသုံးပြုဖို့ ငွေကျပ် ၁၄၅ ဘီလီယံကို သုံးစွဲ ခွင့်ပြုကြောင်း ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတည်ပြုလိုက် ပါတယ်။
2016-01-23
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁ဝ၂ ဦးရှိတယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2016-01-22
လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် လာမယ့် အစိုးရသစ်လက်ထက်မှာ အရေးကြီးတဲ့ တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နိုင်ကြောင်း ထင်ကြေးပေးကြပေမယ့် ဘယ်လိုနေရာမှာ တာဝန်ယူမလဲဆိုတာနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုတာတွေ များလာနေပါတယ်။
2016-01-21
မြန်မာနိုင်ငံမှာ အခုတလော လူသတ်မှု၊ ခိုးဆိုး လုယက် အကြမ်းဖက်မှု စတဲ့ ဒုစရိုက်မှုတွေအပြင် ကလေးခိုးမှုသတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတဲ့အပေါ် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။
2016-01-21
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးရေ အများဆုံးအနိုင် ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က လာမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ဖို့ ANP ပါတီကသာ ဖြစ်ရမယ်လို့ ဆုံးဖြတ် ထားကြောင်းနဲ့ တစ်နိုင်ငံလုံး မဲအများဆုံးနဲ့ အနိုင်ရ ထားတဲ့ အန်အယ်လ်ဒီပါတီနဲ့ ဆွေးနွေးဖို့ ကော်မတီ ဖွဲ့စည်းထားကြောင်း မနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။