သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-03
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိဆောင်ရွက်ချက်တွေကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် သံသယရှိကြောင်းနဲ့ ဒီကိစ္စအတွက် အစိုးရမှာ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။
2020-11-03
အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲတွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ကောက်ယူနေရာမှာ အမျိုးမျိုးသော ပြဿနာတွေရှိနေပြီး ဒီလိုပြဿနာတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက် ကြောင့်ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
2020-11-02
ဝရမ်းပြေးအဖြစ်နဲ့ တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ဦးဝီရသူဟာ ဒီနေ့ အောက်တိုဘာ ၂ရက်နေ့မှာ ရန်ကုန်တိုင်း ဒဂုံမြို့နယ်က အနောက်ပိုင်းခရိုင် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ အခုလိုအဖမ်းခံတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2020-11-02
၂၀၂၀ ရွေးကောက်ပွဲပြီးနောက် တက်လာမယ့်အစိုးရဟာ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အစိုးရတစ်ရပ် ဖြစ်လာဖို့ ကရင်လူထုက မျှော်လင့်နေပါတယ်။
2020-11-01
တိုင်းရင်းသားပါတီတချို့ရဲ့ မူဝါဒနဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေမှာ သယံဇာတခွဲဝေမှုရရှိဖို့၊ ဗဟိုချုပ်ကိုင်မှုစနစ်တွေ လျှော့ချဖို့ လုပ်ဆောင်မယ်ဆိုပြီး ပြောထားကြပါတယ်။
2020-10-31
ကိုဗစ်ကပ်ဘေးကာလ ထိုင်းနိုငံတောင်ပိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်အကိုင် ရှားပါးတာတွေနဲ့ လုပ်အားခနည်းတာတွေ၊ နေရရပ်ပြန်ချင်ပေမယ့် နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ပြန်လို့မရတဲ့ အခက်အခဲတွေ ရှိနေတဲ့အကြောင်းကို ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက် လုဆိုင်းက တင်ပြထားပါတယ်။
2020-10-30
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်း New Myanmar Foundation ရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိကရုဏ်းတွေ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်နိုင်ခြေပိုများမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
2020-10-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်း လေးနှစ်ခွဲအတွင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကြား နိုင်ငံရေးအရ ရပ်တည်ချက် ကွဲလွဲစရာတွေများခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး မပြေလည်ခဲ့တာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ ခရီးမပေါက်ခဲ့ပါဘူး။
2020-10-29
နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် ရခိုင်ပြည်နယ်လွှတ်တော်ဟာ လူတသန်းကျော်အတွက် အသံတိတ်သွားမှာ ဖြစ်သလို၊ ဒီမိုကရေစီဆိတ်သုဉ်းတော့မယ်လို့ ပြောဆိုသုံးသပ်နေကြပါတယ်။
2020-10-29
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာ ၉၀ ကျော်ထဲမှာ နယ်မြေလုံခြုံရေး ကောင်းတဲ့နေရာတွေ ပါသွားတာကြောင့် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့ ဒေသခံတွေ၊ ကိုယ်စားလှယ် လောင်းတွေက မျှော်လင့်နေကြပါတယ်။
2020-10-29
ရန်ကုန်တိုင်း ဒဂုံမြို့နယ်က ကြိုတင်မဲတွေ စာအိတ်ပွင့်နေတာကြောင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အဲဒီမဲတွေကို ပယ်မဲအဖြစ်သတ်မှတ်လိုက်ပေမယ့် ခရိုင်နဲ့တိုင်း ရွေးကောက်ပွဲကော်မရှင်ကတော့ ပယ်ချလို့မရဘူးဆိုပြီး အငြင်းပွားနေပါတယ်
2020-10-28
ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေထဲက စည်ပင်သာယာဌာနက ဆောင်ရွက်တဲ့ ပန်းဥယျာဉ်အလှဆင်တဲ့လုပ်ငန်းတွေ ကုန်ကျစရိတ်များတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ဝေဖန်ခံနေရပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
2020-10-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်မတော်မိသားစုတွေနဲ့ ၂၆ ရက်နေ့က တွေ့ဆုံရာမှာ ဒီမိုကရေစီ အစိုးရနှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးစဉ်းစားပြီး မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
2020-10-27
မြန်မာက အိန္ဒိယနိုင်ငံကနေ ရေငုပ်သင်္ဘော ဝယ်ယူခဲ့တာကို အခြေခံပြီး အရှေ့တောင် အာရှမှာ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကို တန်ပြန်တုံ့ပြန်တဲ့လုပ်ရပ်ဖြစ်တယ် ဆိုတဲ့ အယူအဆဟာ မှားနေကြောင်း တရုတ်အစိုးရ အာဘော် Global Times သတင်းစာရဲ့ အင်တာနက်စာမျက်နှာ ဆောင်းပါးတစောင်မှာ မနေ့က ဖော်ပြထားပါတယ်။
2020-10-26
AA အဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့မှာ သူတို့ဖမ်းဆီးသွားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။