သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-16
မြန်မာနိုင်ငံကို ICC၊ ICJ နဲ့ အာဂျင်တီးနား နိုင်ငံတရားရုံးတွေမှာ တရားစွဲဆိုထားတဲ့ အပေါ် မြန်မာအစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းမယ်ဆိုတာ မဖြစ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြကြပါတယ်။
2019-11-16
ရခိုင်ပြည်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ တပ်ရင်း သုံးခုကို မနေ့ညက ရက္ခိုင့်တပ်တော် AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2019-11-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော် အပါအဝင် အမျိုးသားနှစ်ဦးကို တပ်မတော်က ထိန်းသိမ်းထားတာ နှစ်လနီးပါး ကြာလာတဲ့အထိ သက်ဆိုင်ရာမိသားစုဝင်တွေကို တရားဝင်အသိပေးတာမရှိတဲ့အတွက် စိုးရိမ်နေကြပါတယ်။
2019-11-16
၂ဝ၁၉ နိုဝင်ဘာ ၁၆ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " မြောက်ပိုင်း ၄ ဖွဲ့နဲ့ အပစ်ရပ်ဆွေးနွေးမှု အကြပ်အတည်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-11-15
နေပြည်တော်မှာ ဒီကနေ့ညနေက ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲက ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ ကုလသမဂ္ဂတရားရုံး ICJ ရဲ့ တရားစွဲဆိုမှုတွေ၊ ရခိုင်တပ်ဖွဲ့ AA က သုံ့ပန်းလဲလှယ်ဖို့ပြောဆိုတဲ့ကိစ္စ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောကြားချက်တွေအပေါ် တုံ့ပြန်မှုတွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။
2019-11-15
မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပေမယ့် အစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
2019-11-15
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုအခြေအနေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိမ့်ကျနေပြီး ဒေသတွင်းမှာ အနိမ့်ဆုံးကို ရောက်နေတယ်လို့ ဝါရှင်တန်ဒီစီမြို့တော် Georgetown တက္ကသိုလ်က အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
2019-11-15
တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတချို့မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုတွေ များလာနေပါတယ်။ ဒီသတ်ဖြတ်မှုတွေဟာ ဘယ်သူ့လက်ချက်ဆိုတာကို အာဏာပိုင်တွေဘက်က စုံစမ်းဖော်ထုတ် အရေးယူနိုင်တာ မရှိသလို၊ ဘယ်အဖွဲ့ကမှလည်း တာဝန်ခံ ပြောဆိုတာ မရှိပါဘူး။
2019-11-15
AA ရခိုင့်တပ်တော်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီတဲ့အတွက် AA က ကမ်းလှမ်းထားတဲ့ သုံ့ပန်းလဲလှယ်ရေး အစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2019-11-15
မြန်မာနိုင်ငံတဝှမ်းက ဘာသာရေးပွဲတွေမှာ အသံချဲ့စက်တွေ ကျယ်ကျယ်လောင်လောင် ဖွင့်နေကြတာဟာ ပတ်ဝန်းကျင်ကို သိသိသာသာ အနှောင့်အယှက် ဖြစ်နေပါတယ်။
2019-11-15
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေအတွက် အစိုးရအသိအမှတ်ပြု စာသင်ကျောင်းတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနောက်ဘက်က မဟာချိုင်ဒေသမှာ ဖွင့်ထားတာ ၆ နှစ်လောက် ရှိနေပါပြီ။
2019-11-15
AA ရခိုင့်တပ်တော်က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ်က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ AA ရဲ့ လှုပ်ရှားမှုတွေကို မြန်မာ့တပ်မတော်ကို သတင်းပေးနေသူ ဖြစ်ကြောင်း ခိုင်မာတဲ့သက်သေတွေ ရထားတယ်လို့ AA အဖွဲ့က ပြောပါတယ်။
2019-11-15
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရွာသာယာကျေးရွာမှာ တပ်မတော်က ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်လို့ ဝင်ရောက်စစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းကနေ ဒီနေ့အထိ ရွာသား တစ်ထောင်ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
2019-11-15
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နဲ့အတူ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) တို့ကို အသစ်ပြဌာန်းလိုက်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာအမိန့်မှာ ဦးစီးအဖွဲ့တွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာဆောင် ရွက်နိုင်ကြောင်း ပါရှိပါတယ်။
2019-11-15
မြန်မာနိုင်ငံသာမက နိုင်ငံတကာက စစ်ရေးပဋိပက္ခတွေကြားထဲက ဒုက္ခရောက်နေ သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ Free Burma Rangers အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လှုပ်ရှားမှုတွေ လတ်တလော လှုပ်ဆောင်ခဲ့တာတွေရှိပါတယ်။