သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-21
ကမ္ဘာတဝှမ်းမှာ သတ်ဖြတ်ခံရတဲ့ စာနယ်ဇင်းသမား အရေအတွက်ဟာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF နဲ သတင်းသမားများကာကွယ်ရေး ကော်မတီ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2018-12-21
အစိုးရတပ်မတော်က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်းတွေမှာ ဒီနေ့ကစပြီး ဧပြီလကုန်အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်မယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-12-21
အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ ဒီနေ့မနက်က ပထဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
2018-12-21
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ရွာသားငါးဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကြီးမြို့မှာ ဒီကနေ့ လူသုံးထောင်လောက် ဆန္ဒပြခဲ့ကြပါတယ်။
2018-12-21
ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထောင်ချောက်ဆင်ဖမ်းခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စိစစ်အရေးယူပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
2018-12-21
ပြည်ထဲဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကို ပြည်ထောင်စုအစိုးရ အဖွဲ့ ဝန်ကြီးဌာနအောက်ကို မကြာခင်ရွှေ့ပြောင်းတော့မယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2018-12-21
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မာရမာကြီးလူမျိုးတွေ တိုက်ခိုက်ခံ ရတာကြောင့် ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ ပတ်သက်ပြီး မောင်တောမြောက်ပိုင်း ရေတွင်းပြင်ကျေးရွာက သံသယရှိတဲ့ မိသားစုတစ်စုကို မနေ့နေ့လယ်ပိုင်းက နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2018-12-21
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ဌာနချုပ် နယ်မြေ ၅ ခုမှာ ဒီနေ့ကနေ လာမယ့် ဧပြီလကုန်အထိ ၄ လကျော်ကြာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ကို ရပ်ဆိုင်းမှာဖြစ်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-21
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ့်ဟူးရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ RCSS /SSA အဖွဲ့က ကျူးလွန်တဲ့သူတွေကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ထောင်နဲ့ချီတဲ့ ပအို့ဝ်တိုင်းရင်းသားတွေ ဒီနေ့မနက်က တောင်ကြီးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2018-12-21
စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲဖို့နဲ့ စည်ပင်သာယာရေးကော်မတီရဲ့ ဘတ်ဂျတ်ငွေသုံးစွဲမှု၊ အခွန်ကောက်ခံရရှိမှုနှုန်းတွေ ပွင့်လင်းမြင်သာစွာချပြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီနေ့ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။
2018-12-21
ထိုင်းနိုင်ငံ ကချနပူရီခရိုင် ပကျွန်မြို့က ဒိုထိုင်းလန်း သစ်သီးစက်ရုံကနေ အလုပ်ဖြုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၇၀ ကျော်အတွက် လျော်ကြေးငွေ ထိုင်းဘတ်တစ်သန်းကျော်ပေးဖို့ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တရားရုံးက မနေ့က အမိန့်ချလိုက်ပါတယ်။
2018-12-21
မြန်မာ့တပ်မတော်နဲ့နယ်ခြားစောင့်တပ်က အရာရှိ ၇ ယောက်ကို EU ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲထပ်မံထည့်သွင်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်က လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ထားတဲ့ အတွက် အရေးယူတာလို့ ဒီဇင်ဘာလ ၂၁ ရက် မနေ့ညကထုတ်ပြန်တဲ့ EU ကြေညာချက်မှာဖော်ပြထားပါတယ်။
2018-12-21
တပ်မတော်တိုင်းစစ်ဌာနချုပ်တွေဖြစ်တဲ့ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အရှေ့ အလယ်ပိုင်းနဲ့ တြိဂံဒေသ စတဲ့ တိုင်းစစ်ဌာနချုပ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့ တစ်ဖွဲ့ချင်းစီ ဆွေးနွေးညှိနှိုင်းမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-12-21
င်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေနဲ့ ဒီနေ့တွေ့ဆုံပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2018-12-21
ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစိုးရအဖွဲ့လက်အောက်ပြောင်းရွှေ့တော့မယ်လို့ သမ္မတရုံးပြောခွင့်ရသူကပြောပါတယ်။ ဒီလိုပြောင်းလဲမှုကို ကြိုဆိုရမှာဖြစ်သလို လူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ် လက်အောက်ကိုရောက်ဖို့ လိုအပ်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။